Thursday, November 18, 2010

ဖွတ်ကုန်းလေးလောက်တော့ သိမ်းပြသင့်ပါတယ်နော်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တယောက်
အကျယ်ချုပ်ကလွတ်လာပုံက လူတွေအားလုံးကို စိတ်ဓါတ်တက်ကြွစေတယ်ဗျ။
ဘယ်နှယ့် အကျဉ်းကျခံနေရတဲ့သူ၊ ပြည်သူလူထုနဲ့အဆက်အသွယ်ဖြတ်ခံထားရတဲ့သူတယောက် ထွက်လာပုံက ခြင်္သေ့မ တယောက် ပန်းခင်းထဲမှာ ဝင့်ဝင့်ကြွားကြွားလှမ်းလာခဲ့
သလိုမျိုးဗျို့။ ကြည်ညိုလေးစားစရာကောင်းတဲ့ စံပြ အမျိုးသားခေါင်းဆောင်လေဗျာ။
 အငယ်အနှောင်းလေးတွေနဲ့ပျော်ပါး၊အရက်သောက်ဖာချနေတဲ့မဲဆောက်က သူတောင်းစား
နိုင်ငံရေးသမားများရှက်တတ်ရင် ကိုယ့်ကိုယ်ကို သတ်သေသင့်ရဲ့

အဲ့ အဲ့ ဒေါ်အောင်ဆန်းစုကြည်လို လန်းဆန်းတက်ကြွတဲ့ ဆန့်ကျင်ဘက် ခံစားမှုကို ကြည့်ချင်ရင်တော့
ကျော်မြထူး နဲ့ လေထန်ကုန်းမှ သူတောင်းစား အမြှောက်ဆံများကိုသာ ကြည့်ကြပေတော့။
“ငါတို့ ကျွန်ဘဝမှာတုံးကတောင် သူတို့ထက် အသားအရေ ကောင်းပါတယ်။ ဒီကောင်တွေပုံတွေကလည်း
 ဆိုပြီး” မဲညစ်ခြောက်ကပ်နေလွန်းလို့ လူမည်းတွေကတောင် အောချယူရတဲ့အဖြစ်။

ဒီမောင်တွေက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးချွတ်ခြုံကျနေရှာတော့ မဲမဲမြင်သမျှ ရန်လုပ်နေတော့တယ်။
ကိုမြအေးရဲ့သမီးလေး ဝေနှင်းပွင့်သုန် နာမည်ကြီးလာရင် ဝေနှင်းကလေး ကို စော်ကားမယ်။
ဘတ်ဖလိုးမြို့ကကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ
တွေ လှုပ်ရှားမှုမှာရှေ့ရောက်လာရင် မနာလိုဖြစ်ပြီးအတင်းတွေလျှောက်ရေးမယ်။
အမေရိကန်ကွန်မြူနတီ (၁၄) ခုမှာ တက်တက်ကြွကြွလုပ်နေတဲ့လူတွေကို ဆဲရေးတိုင်းထွာမယ်။

ဟော ခုလည်းကြည့်လေဗျာ။ မြဝတီတမြို့လုံးကို သဲသဲလှုပ်အောင် ကိုင်လှုပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကို
ဆန့်ကျင်ပြလိုက်တဲ့ ဗိုလ်နုတ်ခမ်းမွှေးရဲ့ ပုံကို ဘင်လာဒင်လို ပုံဖျက်ပြ စော်ကားနေပြန်ရော့။
 ဗိုလ်နုတ်ခမ်းမွှေး ကို ချစ်ခင်တဲ့သူတွေကိုလည်း မနာလို မရှုစိမ့်ဖြစ်နေရှာတယ်။ စစ်ပြေုးဒုက္ခသည်တွေကို
ထမင်းကျွေးကူညီနေတဲ့ ကိုမိုးသီးဇွန်ကိုလည်း အစုံသုတ်လေး ဘာလေးနဲ့။
တကယ်ဆို လေထန်ကုန်းအဖွဲ့ဝင်တွေက စစ်တိုက်မယ်၊ အကြမ်းဖက်မယ်၊ လူထုတိုက်ပွဲ နဲ့
လက်နက်တိုက်ပွဲ ဘယ်လိုပေါင်းရမယ် ဘာညာ ဆိုတာတွေ သူတို့လောက်အော်တာမရှိဘူး။
ခုတော့ အကြမ်းမဖက်နိုင်ရှာပဲ အဖျင်းတွေ အတက်ထွက်၊ အတင်းတွေနဲ့သာ စွက်ဖက်နေရှာရော့ပါလား မောင်မင်းတို့။ အေးလေ-ဒါကြောင့်လည်း ကျော်မြထူး နဲ့ လေထန်ကုန်းအဖွဲ့ဝင်တွေခင်ဗျာ မျက်နှာကလည်း မဲညစ်၊ ဝင်ငွေကမကောင်း၊ အဆင်မပြေရှာ၊ အရည်အချင်းမရှိရှာတော့ သူများတွေကို မနာလို၊

အင်းမ် လောက လောက တရားရှာ လူမှာတွေ့တဲ့။ ဘုန်းကြီးကျောင်းသွားနေစရာမလို၊
လေထန်ကုန်းမှာ ပါနေတဲ့ ကိုလက်နက်ကိုင်တို့ကိုသာ ကြည့်မိရင် တရားတွေ အကွင်းလိုက်အကွင်းလိုက်
တွေ့ရပါလိမ့်မယ်။ ကဲ ကိုအကြမ်းဖက်သမားတို့ရေ-
ဗိုလ်ချုပ်နုတ်ခမ်းမွှေး လို လုပ်မပြနိုင်ရင်နေပါ။
တောင်ကုန်းလေးတက်သိမ်းမပြရင်နေပါ။ ဖွတ်ကုန်းလေးတော့ သိမ်းပြကြပါအုံး။ 

ထွီးညှောင့် ထွီးညှောင့် ဟား ဟား ဟား ဟား ဘာမှတ်လဲ ဗိုလ်အကြမ်းဖက်ကွ။

Sunday, November 14, 2010

ကျနော့် နာမည် အောင်နက် ပါ


မိဘပြည်သူများခင်ဗျား
ကျနော့ ကတော့ အခုတလောမှာ နာမည်ဆိုးနဲ့တိုက်ခိုက်နေရတဲ့ ကျော်မြထူးပါ။
ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင်တုန်းက မြေအောက်လှုပ်ရှားမှုနာမည်ကတော့ အောင်နက် (ခ) ဆီးထုပ်
လို့ ခေါ်ပါတယ်။ ( ဝုတ် ဝုတ် ဝုတ် ဝုတ် ကိန် ကိန် ကိန် ကိန် ------ အူး---- အူး -- အူး)
ကျနော့အကြောင်းသိကြည့်ရင် ဒေါက်တာစိန်ဝင်းကတော် ဒေါ်စီစီ ကို မေးကြည့်ပါ။
မယ်ရီလင်းမှာ  ဗမာကွန်မြူနတီအစည်းအဝေးလုပ်ရင် ကျနော်မသွားရဲတော့ပါဘူး။
ခိုင်မြင့်မြတ်၊ မိုးကဲ (၂၀၀၆)၊ လွမ်းဆွေ၊ ရန်ရှင်း၊ စတဲ့ နာမည်ဝှက်ပေါင်းစုံသုံးပြီး ကျောင်းသားခေါင်းဆောင်
တွေ၊ ဒီမိုကရေစီရေးအင်အားစုတွေအပေါ် 8888peoplepower@yahoogroups ကနေ မနားမနေ
တိုက်ခိုက်ခဲ့တာပေါ်သွားတာတော့ လူတွေက သတ်ချင်နေကြပါတယ်။ ကျနော် မြေအောက်လုပ်ငန်းတွေ
ပြန်လုပ်ရပါတော့မယ်။ ကျနော့ နာမည်အောင်နက် လို့ ခေါ်ပါတယ်။ မှတ်ထားကြပါနော်။
ကျနော့် ကို ဆက်သွယ်ချင်ရင် ခွေးလေခွေးလွင့်များဖမ်းဆီးရာ စခန်း ( မယ်ရီလင်း) ဖုံးနံပါတ်ကိုဆက်သွယ်
လို့ရနိုင်ပါတယ်။

Monday, November 8, 2010

ဗိုလ်နှုတ်ခမ်းမွှေးသမိုင်းရေးပြီ


မြဝတီ ကို ဗိုလ်နုတ်ခမ်းမွှေးခေါင်းဆောင်တဲ့ ကရင်မျိုးချစ်လက်နက်ကိုင်တပ်တွေဝင်သိမ်းပစ်လိုက်တာ
ပြည်ပရောက်နေတဲ့ ကျူပ်တို့အားလုံး ဝမ်းသာဂုဏ်ယူထောက်ခံကြတာပေါ့။ လူတိုင်းလူတိုင်းကသူတို့ကို
ငွေအား၊စိတ်ဓါတ်အင်အားဘယ်လိုကူညီကြမလဲဆွေးနွေးနေကြတာအားရစရာကောင်းပါ့။
လူထုတိုက်ပွဲကော်မတီက ကိုမိုးသီးအုပ်စုဆိုရင် မဲဆောက်မြို့မှာ နေ့မအားညမအား ဒုက္ခရောက်နေတဲ့
ပြည်သူတွေကို ကူညီနေလိုက်ကြတာ သာဓုခေါ်တယ်။ လေးစားတယ်ဗျို့။ ကျောင်းသားတပ်မတော်က
ရဲဘော်ကြီး ကိုဝေလင်းဇင်တို့ဆိုရင် စစ်ပွဲနဲ့အနီးကပ်နေပြီး၊ ရန်သူကို ပြန်ချဖို့လုပ်ကြတယ်။
ဒီကေဘီအေနဲ့အတူရှိနေတဲ့ ကျောင်းသားတပ်မတော်တပ်ရင်းမှူးတယောက်ရဲ့အင်တာဗျူးကိုလည်း
နားထောင်ရတယ်ခင်ဗျ။ လက်တွေ့လုပ်နေတဲ့သူတွေကတိုက်ပွဲနဲ့အတူရှိနေတာပေါ့။

အဲ့အဲ့ လေထန်ကုန်းမှာ အချိန်ဖြုန်းနေတဲ့ ကျောင်းသားအမည်ခံ ပဲကြီးလှော်များကတော့ ငြိမ်နေတယ်နော်
သူတို့က ဘယ်သူ့အတင်းပြောရမလဲစောင့်နေတယ် ( ခွေးချောင်းချောင်းနေတယ်ဆိုတာဒါမျိုးပေါ့)
သူတို့ကလည်း အင်နဲ့အားနဲ့ ဝိုင်းမလို့တဲ့ဗျာ။ ဘယ်ကိုဝိုင်းမှာလဲလို့မေးကြည့်တော့
အရက်ဆိုင် ကို တဲ့ဗျာ။ ကောင်းရော့။  ခေတ်ပျက်တုံး အရက်ခိုးမဲ့ ကိုပဲကြီးကြီးလှော်တို့လည်းရှိနေတယ်ဗျို။

Thursday, November 4, 2010

မိမိမျက်ချေးကို မြင်ကြပါစေ

ရဲဘော်တို့ ဒီကနေ့ နိုင်ဝင်ဘာ (၅) ရက်နေ့ဟာ ကျောင်းသားတပ်မတော်မွေးဖွားလိုက်တဲ့နေ့ဖြစ်တယ်။
ဒီလို ဂုဏ်ရောင်ထွန်းပြောင်တဲ့ သမိုင်းဝင်နေ့တနေ့မှာ ရဲဘော်တို့ကို အလေးအနက်စကားပြောပါရစေ။
အနှစ် (၂၂) နှစ်အတွင်းမှာ ကျနော်တို့ဘာတွေအောင်မြင်ခဲ့သလဲ၊ ဘာတွေဆုံးရှုံးခဲ့သလဲဆိုတာကို
ပြန်သုံးသပ်ကြမယ်။ နိုင်ငံတကာမှာ ကြဲပြန့်နေတဲ့ ရဲဘော်ဟောင်းတွေကို နှုတ်ဆက်ကြမယ်။

ဒီနေရာမှာ ကိုယ့်ဘာသာမဝေဖန်မစမ်းစစ်ရဲတဲ့ရဲဘော်တချို့ကိုမြင်တွေ့နေရတာ စိတ်မကောင်းဖြစ်မိတယ်။
သူတို့ဟာ အတန်းပညာချို့တဲ့လို့ အားငယ်နေတယ်ဆိုတာကို စာနာမိပေမဲ့ ကိုယ့်ရဲ့မအောင်မြင်မှုတွေကို
မွန်းကြပ်စွာခံစားပြီး သူများတွေကိုအပြစ်တင်တိုက်ခိုက်နေတာကိုတော့ စိတ်ပျက်မိတယ်
ရဲဘော်တို့
တကယ်တော့ လက်နက်ကိုင်လမ်းစဉ်ဆိုတာ ငါတို့ယုံကြည်လို့ရွေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ငါတို့သည်သာ သူရဲ့ကောင်း လက်နက်မကိုင်သူတွေဟာ လူညံ့တွေ ဆိုတဲ့ အတွေးအခေါ်တွေဟာအင်မတန်ညံ့ဖျင်း
စုတ်ပြတ်တဲ့အတွေးအခေါ်ဖြစ်တယ်။ ဒီလိုတွေးခေါ်နေမှုတွေကို အဓိကပြင်ဆင်သွားဖို့မှာချင်တယ်။

နောက်အုပ်စုတစုကတော့ နိုင်ငံတကာရဲဘော်တွေဆီက ပိုက်ဆံရတုန်းမှာအကောင်းပြော၊ပိုက်ဆံမပေးရင်
အတင်းပြောတဲ့ ကလေကချေသောက်ကျင့်တွေဖြစ်တယ်။ ဒီလို သူတောင်းစားအကျင့်စရိုက်နဲ့ မိတ်ဖွဲ့မှုဟာ
ရဲဘော်စစ်ရဲဘော်မှန်တွေကို ကျောခိုင်းခြင်းနဲ့အတူတူပဲဖြစ်တယ်။ ဒီလိုလူတွေဟာ
ကိုယ့်ရဲ့အခြေအနေကိုမသုံးသပ်မိပဲ ဟန်ဘာဂါနဲ့ဆူရှီးစားနေသူလူချမ်းသာတွေကို ကျူးကျော်ရပ်ကွက်မှာ
မြှစ်ချဉ်အနိုင်နိုင်စားနေရရှာတဲ့ လူတန်းစားက မနာလိုတိုက်ခိုက်နေသလိုမျိုးဖြစ်နေတယ်။
ဒါကြောင့် ဒီလိုသေးသိမ်အောက်တန်းကျတဲ့ဗီဇကို ပြင်ဆင်ကြပါလို့မှာပါရစေ။
ရဲဘော်တို့
အနှစ်(၂၂) နှစ်အတွင်းမှာ ဘယ်သူ့ဘယ်သူမှ ညာလို့မရကြတာအားလုံးအသိပဲဖြစ်တယ်။  လက်နက်ကိုင်တပ်ဆိုတာ သေနတ်ပစ်တတ်သူသာ ဥက္ကဋ္ဌဖြစ်သင့်ပြီး၊ အတင်းအဖျင်းပြောသူတွေက
ပဲကြီးလှော်တပ်ရင်းမှာ ထမင်းချက်သင့်ပါတယ်။ လူပုံအလယ်မှာ အရှက်ကွဲစေမဲ့ကြွေးကြော်မှုတွေကို
ရှောင်ရှားကြပြီး လက်နက်ကိုင်တိုက်ပွဲကို တကယ်ဆင်နွဲကြပါစို့။
ကျောင်းသားတပ်မတော်အတွက် အသက်ပေးကိုယ်ကျိုးစွန့်ခဲ့တဲ့ ရဲဘော်များကို အလေးပြုဂုဏ်ယူကြပါ။

အထက်ပါပုံကလေးကတော့ လက်နက်ကိုင်မလိုလိုဟန်ပြပြီး ပဲကြီးလှော်လိုလေပွအတင်းပြောနေတဲ့
မလိမ်မိုးမလိမ်မာလေးတွေအတွက် လိုဂိုတခုဖြစ်ပါတယ်။

ပဲကြီးလှော်တပ်ရင်း စစ်တကယ်တိုက်ပြီ

ထွီးညှောင့် ထွီးညှောင့် ထွီးညှောင့် ထွီးညှောင့်
တိုက်ပွဲကစလေပြီ။
ရဲဘော်တို့ ဆုံဆည်းရာမှာ အတင်းအဖျင်းတွေနဲ့အရက်ပွဲပြင်ထားပါ။ ရန်သူကို မူးအောင်မလုပ်နိုင်ရင်
ငါတို့ဘာသာ မူးအောင်သောက်ကြမယ်။ အတင်းပြောတဲ့ ကဗျာဆရာ လွဏ်းဂျီ ကော သူ့ကလေးကို
ချင်းမိုင် အင်တာနေရှင်နယ် စကူးမှာ ကျောင်းပို့ထားပြီးပြီလား။ ကိုယ့်မိသားစုလုံခြုံသွားရင် လက်နက်ကိုင်
တော်လှန်ရေးအကြောင်း အာဘောင်အာရင်းသန်သန်ပြောမယ်။ ဟေ့ ရန်သူလာပြီ အသင့်ပြင်
ထွီးညှောင့်၊ ထွီးညှောင့် ထွီးညှောင့်
ဟေ့ ပဲကြီးလှော်တပ်ရင်း က ရဲဘော်တွေ မင်းတို့ဗိုက်ထဲတော်တော်ပွနေပြီလား။ တခါမှ မထုဘူးတဲ့
အမြှောက်ကြီးနဲ့ ရန်သူက ထုလိုက်စမ်း။            ဘူ ..........ဘူ .................ဘူ
( ထိုအသံသည်ကား ပဲကြီးလှော်လေပွတက်လာသောအသံဖြစ်ပါသည်။
လက်နက်ကိုင်တိုက်နေသည် မထင်ပါနှင့်)        ဟား ဟား ဟား

Wednesday, November 3, 2010

အသွေးတူအသားတူတွေပေါင်းကြပြီ

ကျနော်တို့ဟာ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အော်စတင်မြို့မှာ နေထိုင်သူများဖြစ်ပါတယ်။
လေထန်ကုန်းအဖွဲ့ဝင် ကျော်မြထူးဟာ အမေရိကန်ပြည်ထောင်စုကို စရောက်စဉ်ကျနော်တို့နဲ့ အတူနေထိုင်ခဲ့ပါတယ်။ အလုပ်လည်းမယ်မယ်ရရမလုပ်ပဲ၊ ညတိုင်ရင် သူများ
အကြောင်းတွေသာ ပြောနေတာကြောင့် ကျနော်တို့တတွေ သူ့ကို အိမ်မှနှင်ချဖို့တိုင်ပင်ကြပါတယ်။
ကျနော်တို့အိမ်က ဆင်းပေးဖို့ သူ့ကို ပြောခဲ့ပေမဲ့ သူက မဆင်းနိုင်ဘူး ဆက်နေမယ်ဆိုကာ ဇွတ်အတင်း
ဆက်နေပါတယ်။ ဒါကြောင့် ကျနော်တို့တတွေ 911 ကို ခေါ်ပြီး ရဲကိုအကြောင်းကြားလိုက်ပါတယ်။
ရဲက သူ့ကို ဆွဲချပြီး ဂရေးဟောင်းကားဂိတ်ပို့ပေးခဲ့တယ် လို့သိရပါတယ်။
ဟိုတခါ က ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော်
ကို ညစဉ်ဖုံးဆက်ပြီးစော်ကားပါတယ်။ ကိုထွန်း က သူ့နဲ့အဆင့်အတန်းမတူတာကြောင့် အဖက်လုပ်စကား
မပြောခဲ့ပါဘူး။ အခုတော့ စရိုက်တူအသွေးတူတွေပေါင်းပြီး ကိုထွန်းနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို
စော်ကားနေတာ မဆန်းဘူးလို့ထင်ပါတယ်။ ဒီမောင်တွေ သူ့အရှိန်နဲ့သူ ဒလိမ့်ခေါက်ကွေးကျနေပါပြီ။