Friday, October 29, 2010

အလံခိုးအုံးမှာလား ကျော်မြထွီး


“ကျနော့်အိမ်ရှင် ကိုရင်အေးကြီးရဲ့အိမ်ရှေ့မှာ ခွပ်ဒေါင်းအလံကို ၂၉ ရက်ကတည်းကလွှင့်တော့မယ်ဗျ”
 ဖိုးကျော်မြထွီးတယောက် ခဏာမငြိမ်။အိမ်လခ လေးလစာ မပေးနိုင်ရှာတော့ အိမ်ရှင်ဘာလုပ်လုပ် သတင်းအဖြစ် မျက်နှာချိုသွေးထည့်ရသည်။ သွားပြီ။ သူ့လက်ထက်မှာ ၈၈၈၈ ပါဝါကြီးကို အိမ်လခ လေးလနှင့် လဲလိုက်ရပြီ။ အရေးတော်ပုံမှာ ကျဆုံးသွားသူတွေရဲ့မျက်နှာကိုမထောက် လုပ်ရက်လွန်းသည်
ဖြစ်ပြီးခဲ့ပြီလေ။ သို့သော် ကျော်မြထွီး “အလံခိုးအုံးမှာလား” ဟု ရပ်ကွက်က တထိပ်ထိပ်စိတ်မကောင်းစွာကြည့်နေသည်။ ရိုတီ ခိုးစားတုန်းက ခေါင်းအရိုက်ခံရသည်
အလံခိုးမည် ဆိုရင်တော့ တော်တော်လေး------- ကျိန်းလိုက်မည့်ဖြစ်ခြင်း


Thursday, October 28, 2010

တေလေဂျပိုးတွေကိုရှင်းထုတ်ကြပါစို့


ABSDF ရဲ့ ထုတ်ပြန်ကြေငြာချက်ကို ကျနော်တို့ရဲဘော်ဟောင်းတွေကလည်းကြိုက်တယ်ဗျာ။
တပ်မတော်တွင်းမှာလည်းစစ်တပ်ခေါင်းဆောင်တွေကို မကျေနပ်တဲ့သူတွေရှိနေတယ်။ ပုန်ကန်ချင်နေတယ်
ဒါဟာကောင်းတဲ့လက္ခဏာပေါ့။ ABSDF ကလည်းအစိုးရဆန့်ကျင်သူတွေအားလုံးနဲ့လက်တွဲပြီး နည်းပေါင်းစုံ
ကြိုးစားကြမယ်ဆိုတာဂုဏ်ယူမိတယ်။ ကျနော်တို့လို ရဲဘော်ဟောင်းတွေကလည်းလက်တွဲဖို့အသင့်ပါ။
ရဲဘော်ကြီးဇော်ကိုနိုင်ဆို၊မီးကုန်ယမ်းကုန်အလုပ်လုပ်နေတာ တွေ့ကြတဲ့အတိုင်းမို့လား။သူက
ကရင်နီဂွင်မှာတပ်ရင်းမှူးလုပ်ခဲ့ပြီးတကယ်စစ်တိုက်ခဲ့သူဆိုတော့အားလုံးနဲ့လက်တွဲတာပေါ့ဗျာ။

ကျောင်းသားတပ်မတော်ရဲ့အရိပ်အာဝါသမှာခိုလှုံပြီး သိက္ခာချနေတဲ့တေလေဂျပိုးတွေကိုလည်းရှင်းကြ
ရမယ်ဗျို၊ ဒါမှတော်လှန်ရေးကြီးသန့်စင်မှာမဟုတ်လား။သူတို့ဟာ ကျုပ်တို့ရဲဘော်ဟောင်းတွေကို
တော်လှန်ရေးကိုစွန့်ခွာသွားသလေး၊ဘာလေးနဲ့“ဆုံငြီးရာ”မှာဟောင်ဖွာဟောင်ဖွာအူနေကြသဗျ။
ပညာကလည်းကောင်းကောင်းမတတ်၊စစ်လည်းမတိုက်ဖူးတော့၊ပြည်ပရောက်နေတဲ့ပညာတတ်တွေ၊
ပေးဆပ်ဖူးသူတွေကိုစော်ကားတာမဆန်းဘူးပေါ့လေ။ရဲဘော်ကြီးမအေးမာ ကိုတော့ ချီးကြူးပါတယ်ဗျ။
ဒီလို ခွပ်ဒေါင်းအလံကိုစော်ကား၊ဝေနှင်းပွင့်သုန်ကိုမနာလိုဖြစ်၊AB ရဲဘော်ဟောင်းတွေကို
ရှုတ်ချအတင်းပြောနေတဲ့ တေလေဂျပိုးတွေကို သည်းညီးခံကျွေးမွေးနေရှာတာ။
ကဲ၊ဘောလုံးသမားတပ်ရင်းမှူးရေ။အဲ့ဒီကောင်တွေကို ဘောလုံးတလုံးလိုသာ ကန်ဆုံးမလိုက်ပေတော့

Tuesday, October 26, 2010

အူနနများ ဘယ်လိုအူကြမည်နည်း

ပြည်တွင်းက တိုက်စစ်မှူးတွေကတော့ တာဝန်ကျေသဗျ။
ဒုတိယပင်လုံညီလာခံကြီးဖေါ်ဆောင်၊ တတိုင်းပြည်လုံးငြိမ်းချမ်းရေးအတွက် လုပ်ကြမယ်လေ။
ပြည်ပမှာ လက်တိုလက်တောင်းအဆင့်မှ လက်နက်ကိုင်ချမယ်ဆိုသူတွေ ကောင်းကင်ကြီးကြည့်ဘာတွေ
ကြံနေကြသလဲ။ စပ်စုလိုက်အုံးမှ။

ကဲ ကိုသူတောင်းစားတို့ အခုထိ မချင့်မချိန်လုပ်၊ အတွင်းကလူတွေကို ဆရာကြီးလေသံနဲ့အော်နေဆဲလား

ဝေလေလေ လက်တိုလက်တောင်းများ တူးလာသော မြှစ်ကိုပစ်ချကာ
တော်လှန်ရေးလုပ်တာလေ။ ငွေရှိစရာမလိုဘူး စိတ်ဓါတ်ပဲလိုတာဗျ။ မရှိရင် ကရင်ဆီကတောင်းစားမယ်
ဒီလူကြီးတွေဗျာ ကျုပ်တို့လို လက်တိုလက်တောင်းလုပ်နေတဲ့သူတွေရဲ့ အကြံကိုလက်မခံဘူး။
ကြားဖြတ်အစိုးရဖွဲ့လိုက်လေ၊ ပြတ်ပြတ်သားသားလုပ်လိုက်လေ။ ဒါဆို ကရင်ဆီက တောင်းစားထားတဲ့
ကျုပ်တို့ရဲ့မြှစ်ချဉ်တပုလင်းပေးပြီး ထောက်ခံပစ်လိုက်မယ်။

ဟား မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးကွာ။
 မင်းတို့ မြှစ်ချဉ်ရဖို့လောက်နဲ့တော့ အစိုးရဖွဲ့ခိုင်းမနေစမ်းပါနဲ့။ လက်တွေ့ဘယ်လိုကူမလဲပြောပါငါ့ကောင်ရ
မင်းတို့ပြောတော့ လက်နက်ကိုင်တိုက်မယ်ဆို ခုချိန်ဝင်ကူဖို့အချိန်ကောင်းပဲမောင်။

လက်တိုလက်တောင်းများ တယောက်မျက်နှာတယောက်ကြည့်ကာ စဉ်းစားနေကြပြီ
အင်းမ် တကယ်တော့ ငါတို့က ကွန်မြူတာလေးနည်းနည်းလောက်တတ်တာ။ စီဘောက်နဲ့လေထန်ကုန်းမှာပဲ
စစ်ပွဲလိုထင်နေတာ။ တတ်နိုင်ဘူးလေ။ မြစ်ဝကျွန်းပေါ်သားလို ဆရာလုပ်အုံးမှ

ဒီလို နောင်ကြီးရာ။ တကယ်လို့ နိုဝင်ဘာ(၇) ရက်နေ့မှာ သေနတ်သံမကြားခဲ့ရင်
ကျုပ်တို့တူးနေကျ မြှစ်တော မှာ ဝါဘိုး ဝါးကြီးတွေက ကောင်းမှကောင်းဗျာ။ အဲ့ဒီ ဝါးလုံးပေါက်ထဲကို
ယမ်းစိမ်းထည့် ခွဲလိုက်လို့ကတော့ ပြဇာတ်ထဲကလောက်တော့ အသံမြည်ပါတယ်နော်။
နောင်ကြီးကလည်း လိမ်ပေးဗျာ။ ကျုပ်တို့တော့ တိုက်နေပြီ။ ခွဲနေပြီပေါ့

ဟာ မလုပ်ပါနဲ့။ ပြည်သူက သိနေပြီကွ။
မင်းတို့တတွေအရက်သောက်၊ အတင်းပြော မှောက်လျှက်လဲနေတာ။ နေမျိုးကြီး နဲ့ မောင်ပိန်ကြီးတောင်
ငြီးနေတယ်။ ဒီလို ပညာမတတ်တဲ့ကောင်တွေက လျှောက်အော်နေတော့
ကျုပ်တို့ သမိုင်းတွေသိက္ခာကျတယ် တဲ့။ တော်သေးတာပေါ့။ ဒီကောင်တွေကို “ပူပူမာ” က
ထမင်းကျွေးထားလို့။ “ပူပူမာ” သာ မရှိရင် ဒီကောင်တွေ ၈၈၈၈ သတင်းစဉ်မပြောနဲ့။
သူများကို အောက်ကျို့ပြုံးနေရပြီး ကွန်ပြူတာနားတောင် ကပ်ရမှာမဟုတ်ဘူး။
ပြည်တွင်းကို မထောက်ပံ့နိုင်ရင်နေပါ။ သူတောင်းစားဘဝ၊ ပညာမတတ်တဲ့ဘဝတွေက ရုန်းထွက်ကြပါအုံး
လို့ အကြံပြုပါရစေဗျာ။ ရဲဘော်နေမျိုးကြီးကတော့ မိန်းမရ၊ စီးပွားရေးအဆင်ပြေသွားတော့။
မပြေလည်တဲ့မင်းတို့လို တောင်အော်မြှောက်အော် အော်မနေတော့ဘူးပေါ့ကွာ

လက်တိုလက်တောင်းများ ကောင်းကင်ကိုမော့ကြည့်ပြီး အူကြပြန်သည်။
ဟေ့ကောင်တွေဘာလုပ်ကြတာလဲ
ဒါ ကျုပ်တို့ ယဉ်ကျေးမှုလေ။ တော်လှန်ရေးကို အဲ့သလို အူပြမှ လူပိုသိတာပေါ့ဗျ။
သနားစရာသတ္တဝါလေးများပါတကား။ သူတို့သည်သာ တကယ်တိုက်ကြောင်း၊
သူတို့သည်သာ အနစ်နာခံကြောင်း လူသိအောင်အူကြပြီး ခေါင်းဆောင်များကိုစော်ကားနေသည့်။
မချင့်ချိန်အုပ်စု။ သူတို့လည်း ဘာမှမလုပ်နိုင်၊ လက်တလှမ်းက သစ်ပင်ကို သရေပင်နှင့်
အကြိမ် (၃၀) ကျော် ပစ်လည်းမမှန်ကြ။
ခက်တော့ ခက်နေပြီ။ သူတို့ကတိုင်းပြည်ပြောင်းမယ်ဆိုကာဆရာလုပ် အူကြပြန်သည်။
အူနနများ အူတော့ ပိုနားငြီးပုံရသည်။



Sunday, October 24, 2010

အဖတ်အများဆုံးဆောင်းပါးများ


  (၁) ပြဲတော့ပြဲနေပြီ၊ ဒါပေမဲ့ ဒီပုလင်းကုန်အောင် ဘယ်လိုဖြိုမလဲ ဂလွပ်ဂလွပ် ( လွဏ်းထွေ)                 
 (၂)  သမိုင်းမှာ ဒီအရက်ဖိုးတွေကို ဘယ်သူတွေက ရှင်းပေးခဲ့မှာလဲ ( ခွက်ဖြစ်)                                
 (၃) မာမူကြီးရယ် သမီးကို လုံးဝမနှောက်ရှက်ပါနဲ့ ( ကျော်မြထူး ရင်ဖွင့်လွှာ)                                     
                                                                                                                                          
(၄) ကိုကိုကဘောလုံးသမား ကျမက အာသီးများ ( ချဉ်မင်းဇော်)                                             
 (၅) သူတောင်းစားတပ်ရင်း မြစ်ချိုးနေသည်။ ဗျောက်ဖောက်မည့်သူများမလာရ ( မြစ်ဝကျွန်းပေါ်သား)
(၆) အတင်းအဖျင်းပြောပြီးလက်နက်စွန့်မည်။တို့ဥက္ကဋ္ဌ သေနတ်မပစ်တတ်  (လက်တို လက်တောင်း) 
(၇) ပရိုပိုဆယ်ယူဖို့အရည်အချင်းမရှိရင် လူကြီးပြ အလှူငွေကောက်ပါ ( ကျော်မြရူး)                        
(၈) ကြိုးစွဲ ချသေမည့် လေထန်ကုန်းမှ စိတ်ဝေဒနာသည်များအတွက် WAS မှ အကူအညီတောင်းခံခြင်း 
(၉)သောင်ရင်းမြစ်ဘေးတွင် ဘုန်းမြင့်ကြိုင်တယောက် ခွေးတကောင်လိုပြေးနေမိခြင်း                        
(၁၀) နိုင်ငံရေးကျူးကျော်ရပ်ကွက်မှ အသံများ ပိုပြီးဆူဆူညံညံ၊ အနှစ်သာရကတော့မပါရှာ                    

      
          
              
    
              

Thursday, October 21, 2010

နယ်စပ်မှာ ဘယ်လိုသေရတတ်သလဲ


အော်-အော်-အော်- မိန်းမတယောက်ကိုသိုက်တူးလို့ရမယ်ထင် သွားယူမိ၊ နောက်ကျမှ မိန်းမကချုပ်ကိုင်တာခံလိုက်ရရှာ။ စိတ်ညစ်တော့ နယ်စပ်ကိုထွက်ပြေး ခပ်ချာချာ အရက်သမားလေးဖြစ်

အော်--အော်--အော် အတင်းအဖျင်းလေးက ဝါသနာပါရှာတော့ မျက်နှာလေးကိုချိုင့်မဲလို့ပါလား
နယ်စပ်ကွ ငါ့ညီရ- ပြည်တွင်းမှာလိုမျက်မှန်အမဲကြီးတပ် အလွမ်းတွေနဲ့ စမ်းရေလိုစီးလို့ရမဲ့နေရာထင်နေလား

နူနာတွေနေတဲ့ ရွာမှာ ဖာရုံဆောက်သလို၊ စီဘောက်မှာ နာမည်မျိုးစုံနဲ့အတင်းရေးတဲ့အဆင့်
ဥပဓိရုပ်နဲ့တော့ လိုက်ပါ့ကွာ။ နာမည်ကလည်း နှစ်ယောက်က အတူတူ လွဏ်းထွေ နဲ့ လွဏ်းဂျီ
အရက်သောက်လွန်တော့ စိတ်ဓါတ်ကျမှု၊ မနာလိုမှုတွေကများမှများ၊ ကိုယ့်သမီးအရွယ်တွေကိုလည်း မတော်တရော်ရေး၊ မင်းတို့တော်တော်ရီရတဲ့ကောင်တွေပဲ။ တသက်လုံးနိုင်ငံရေးမလုပ်ဘူးပဲနဲ့ အက်ဆစ်လိုလို၊ အရက်ချစ် လိုလို အနှစ်သာရမပါတဲ့ သင်္ကြန်အမြှောက်တွေရေး။ ငါတို့ အံ့သြတာက လွဏ်းဂျီ ဆိုတဲ့ ငမူး။ ကိုယ့်မှာ သမိုင်းရှိရဲ့နဲ့ ဟိုငနဲ့ ထိုင်းကာရာအိုကေမှာ ကိုတင်လှိုင်သီချင်းကို အညာသာကျောကုန်းအသားအရေ နှင့်ခပ်ထွေထွေဆိုချင်ရှာတဲ့ လွဏ်းထွေ နဲ့မှ သွားပေါင်းရတယ်လို့

နယ်စပ်ကွ မနေတတ်ရင် ဘယ်လိုသေရတတ်တယ်ဆိုတာ လေ့လာပါအုံး။ လေထန်ကုန်းက
လွဏ်းထွေ နဲ့ လွဏ်းဂျီ တို့ရေ

ABSDF မွေးနေ့အစစ်အမှန်

လက်ရှိ ABSDF မှာတာဝန်ထမ်းဆောင်နေကြသောခေါင်းဆောင်၊ရဲဘော်များခင်ဗျား

အေဘီဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် ထောက်ပြတဲ့ အေဘီမွေးနေ့ရက်
၁၉၈၈ နိုဝင်ဘာလ ၅ ရက်နေ့ဟာသမိုင်းအမှန်ဘဲဖြစ်ပါတယ် ။ ABSDF ပထမညီလာခံကို
၁၉၈၈ နိုဝင်ဘာလ ၁ ရက်မှ ၅ ရက်ထိ ကျင်းပခဲ့ပြီးနောက်ဆုံးရက် နိုဝင်ဘာလ ၅ ရက်နေ့ကမှ
တညီတညွတ်တည်းဆုံးဖြတ်ကြပြီးမှ ABSDF ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ရဲဘော်များအနေဖြင့် အခုလာမဲ့ABSDF မွေးနေ့ ပွဲကိုသမိုင်းအမှန်အတိုင်း
နိုဝင်ဘာလ ၅ ရက်နေ့ကိုပြောင်းလဲကျင်းပပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါတယ်။

                               ရဲဘော်ရဲဘက်များကိုအစဉ် ချစ်ခင်လေးစားလျှက်

                                                                     သန်းဝင်း
                                                          အထွေထွေအတွင်းရေးမှူး (၁၉၈၈ )
                                                                   ABSDF

Wednesday, October 20, 2010

ကိုထွန်းအောင်ကျော် ရဲ့ ဆောင်းပါးကောင်းတပုဒ်

ဒါကြောင့် ၂၀၁၀ လွန်ကာလမှာ ကြံ့ဖွတ်တက်လာလဲ ဘာမှပူစရာမလိုပါ။ ပြုတ်ကျဘို့ တက်လာတယ်လို့သာ မှတ်လိုက်ပါ။ ရှေ့အနာဂါတ်မှာ ဖွတ်ကြားအဖွဲ့နဲ့ မိကျောင်းတို့တိုက်ပွဲ ယ္ခင်ဖွတ်ကြားများနဲ့ လတ်လတ်ဆတ်ဆတ် ဖွတ်ကြားတို့ တိုက်ပွဲတွေကို ကြုံတွေ့ရတော့မှာပါ။ NLD အနေနဲ့ ရပ်တည်ချက်ကို အထိပါးမခံဘဲ ပြည်သူ့ကြား ထိုးဖောက်ဝင်ရောက်ရမဲ့ အချိန်မှာ နောက်မတွန့်ဘဲ လုပ်ဆောင်ပြီး ပြည်သူကို လမ်းပြပေးရမှာဖြစ်ပါတယ်။
၂၀၁၀ မှာ NLDမယှဉ်ပြိုင်တာဟာ ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
ကြံ့ဖွတ်ဟာ တရားခံ အဖြစ်ခံဘို့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်သွားတာဖြစ်လို့ ရွာစားရေ ဘိန်းမောင်းတီးလို့ တွန်းထုတ်လိုက်ကြပါစို့။ 
ကိုမိုးသီးဇွန်ရဲ့ ဘလောက်မှာ အစအဆုံးဖတ်ပါ    http://komoethee.blogspot.com/



Tuesday, October 19, 2010

ကျော်မြထူး သို့ အိပ်ဖွင့်ပေးစာ

---------- Forwarded message ----------
From: Than Win <thanwin.yakatha@gmail.com>
Date: 2010/10/19
Subject: ကျော်မြထူး သို့
To: kyawmyahtoo <kyawmyahtoo@gmail.com>


ကျော်မြတ်ထူး

မင်းတို့ငါ့ email ကို ပိတ်ထားတယ်ဟုတ်လား။ကိစ္စမရှိဘူး မင်းတို့ကြိုက်တာလုပ်လို့ရတယ်။
ဘာကြောင့်ပိတ်တာလဲဆိုတာတော့ငါမမေးတော့ဘူး၊ ဒါပေမဲ့လို့ မင်းတို့သိအောင်ငါပြောလိုက်မယ်
မင်းတို့ကဒီမိုကရေစီအင်အားစုရဲ့ email တော်တော်များများကိုပိတ်ထားတယ်လို့ငါကြားတယ်။

တဘက်မှာ စစ်အစိုးရကိုအထောက်အကူပြုတဲ့ email ပုဂ္ဂိုလ်ရေးတိုက်တဲ့
email တွေကိုတော့မင်းတို့ဖွင့်ထားပေးတယ်။
မင်းတို့လုပ်ရပ်တချို့ကိုင်ထောက်ပြမယ်။

၁။ ဒီနေ့တက်လာတဲ့ shwe shwe ဆိုတဲ့ email ဟာစစ်အစိုးရရဲ့အာဘော် ကြေးမုံ သတင်းစာ
ဘလောခ် ဖြစ်တယ်။  ဘာတွေရေးထားသလဲဆိုတာမင်းတို့ဖတ်ကြည့်ကြပါအုံး ။
၂။ စစ်အစိုးရရုပ်မြင်သံကြားကိုကိုယ်စားပြုတဲ့ ဟံသာဝတီ ဘလောခ်ကိုလဲဖွင့်ထားပေးတယ်။

၃။စစ်အစိုးရကိုကျောထောက်နောက်ခံပြုထားတဲ့ myint shwe email ကိုလဲဖွင့်ထားပေးတယ်
  ဘာတွေရေထားတယ်ဆိုတာမင်းတို့ဖတ်ကြည့်လိုက်အုံး ။
၎။ ပုဂ္ဂိုလ်ရေးတိုက်တဲ့ acid lwanswe (ဘိုဘိုကျော်ငြိမ်း) email ကိုလဲဖွင့်ပေးထားတယ်
  မင်းတို့ဘဲ ပုဂ္ဂိုလ်ရေးတိုက်တဲ့ email တွေကိုပိတ်ထားမယ်လို့ စည်းကမ်းချက်ထုတ်ထားကြတာကို
မင်းတို့မှတ်မိကြသေးရဲ့လား။
မင်းတို့groups ကိုပြန်ကြည့်လိုက်ပါအုံး ဘိုဘိုကျော်ငြိမ်းကငါ့ကိုအရင်တိုက်တာကွ။
 ငါတုန့်ပြန်တော့မင်းတို့မကြိုက်ဖူး။ မင်းတို့တော်တော်မျှတပါလားကွ။
မင်းတို့ရဲ့လေထန်ကုန်းကိုငါ့နာမည်နဲ့ ဗြောင်ဝေဖန်တာကွ အတုမဟုတ်ဘူး။
ဒီမိုကရေစီမှာဒီလိုဝေဖန်ခွင့်မရှိဘူးလား ၊
မင်းတို့လေထန်ကုန်း ကောပုဂ္ဂိုလ်ရေးတိုက်နေတာဘဲမဟုတ်လား။
 မင်းတို့ဘက်ကတော့ လူတိုင်းကိုဘောင်မရှိ စည်းမရှိ တိုက်ခိုက်တယ်။
မင်းတို့လုပ်ရပ်ကိုငါဝေဖန်တိုက်ခိုက်တော့ မင်းတို့ကငါ့ email ကိုပိတ်လိုက်တယ်။
 မျှတလိုက်တဲ့မင်းတို့ဒီမိုကရေစီကွာ၊ဒါလားကွမင်းတို့တိုက်နေတဲ့ဒီမိုကရေစီဆိုတာ?
။ဒါဒီမိုကရေစီမဟုတ်ဖူးကွမင်းတို့တိုက်နေပါတယ်ဆိုတဲ့ စစ်အစိုးရ
တောက်လျှောက်လုပ်လာတဲ့လုပ်ရပ်ကွ။
မင်းတို့တိုက်နေတဲ့ဒီမိုကရေစိကျင့်စဉ်ဆိုတာဒါလားကွ။
မင်းတို့ကြိုက်တာလုပ်ပါဒီအကျိုးဆက်ကိုမင်းတို့ခံစားရမှာပါ။

သန်းဝင်း
 

နာမည်မိတ်ဆက်ပါ ကိုကျောင်းသား

တပ်ရင်း(၈) ကကျောင်းသားရေ၊ နာမည်လေးမိတ်ဆက်ပါအုံး။
ကျော်မြထူးလား၊ ( မောင်ကိုကို ဆိုတာ ကျော်မြထူး သုံးနေကျနာမည်လေ)၊ လေထန်ကုန်းအဖွဲ့ဝင်လား။
 ဒီ ဘလောက်မှာ အေဘီ ကျောင်းသားတွေလည်းပါနေတယ် ဆိုတာသိထားပါကွ။
 မင်းတို့ လေထန်ကုန်း ကို ပြန်ချတော့မဲ့အဖွဲ့တွေ နေရာအနှံ့က လာနေပြီ။
မင်းက တပ်ရင်း (၈) ကမှန်ရင် နာမည်မိတ်ဆက်။ ခွပ်ဒေါင်းအလံကို စော်ကားတဲ့ လေထန်ကုန်း အုပ်စုကို
ဖေါ်ထုတ်ဖို့ မင်းကို တာဝန်ပေးမယ်။ နာမည်မိတ်ဆက်ပါအုံးကွာ။ မင်းတို့ နှစ်ယောက်ပါနေတာ ကျော်မြထူး ဝန်ခံသွားပြီးပြီ။ ဘာသွေးရူး သွေးတန်းဖြစ်နေတာလဲ ငတုံးရာ။ ကျောင်းသားတပ်မတော် ဆိုပြီး၊ ဖိန့်ဖိန့် ဖိန့်ဖိန့် မလုပ်စမ်းပါနဲ့။ အလင်းဝင်သွားတဲ့ကျောင်းသားတပ်မတော်အဖွဲ့တွေ ရှိသလို၊ တကယ်တိုက်နေတဲ့
ကျောင်းသားတွေလည်းရှိပါ့။ မင်းတို့လို အတင်းပြောနေတဲ့ လေထန်ကုန်းအဖွဲ့တွေရှိသလို၊ ဆလိုင်းယောအောင်လို လူအေးလူရိုးတွေလည်း ငါတို့နဲ့ခင်တယ်ကွ။ ကိုသန်းဝင်း စာ ကို ဖတ်ကြည့်ပါအုံး။
ကိုသန်းဝင်း ဆိုတာ အေဘီ ရဲ့ ပထမဆုံးအတွင်းရေးမှူးလေ။ မင်းတို့လေထန်ကုန်းက အေဘီ ဥက္ကဋ္ဌတွေဖြစ်ခဲ့တဲ့ ကိုထွန်းအောင်ဂျော်၊ ကိုမိုးသီးဇွန်၊ ကိုနိုင်အောင် တို့
အားလုံးကို ဆဲဆိုအတင်းပြောနေတာ မနေနိုင်တော့လို့ ဒီဘလောက်ကို ဖွင့်ရတာကွ။
မင်း ငယ်ပါသေးတယ် ငတုံးရာ။ အေဘီ ခေါင်းဆောင်တွေလို ပညာတတ်အောင်လုပ်။

ဝေနှင်းပွင့်သုံ က စံပြ၊ တချို့ကတော့ တောင်းရမ်းကြ

၈၈၈၈ မျိုးဆက်သစ်ခေါင်းဆောင် ကိုမြအေးရဲ့သမီးလေး မဝေနှင်းပွင့်သုံ ရဲ့အရည်အချင်းကို
ကျနော်တို့အားလုံး မြင်နေရပါတယ်။ အရည်အချင်းတင်ကောင်းတာမဟုတ်ဘူး။ စိတ်ဓါတ်လေးလည်း
ကောင်းမှကောင်း။ နိုင်ငံရေးအကျဉ်းသားတွေအတွက် တဲ့
ပေါင်စတာလင် ၈၀၀၀ ကျော် ( ဒေါ်လာတသောင်းခွဲ) ကျော်လောက် ရံပုံငွေရှာပေးသဗျာ။
နယ်စပ်မှ အရက်ဘိုးလာ ( ဟက်စ်ဘိုလာမဟုတ်ပါ) အဖွဲ့မှာ လက်တိုလက်တောင်းရုံးလုပ်ငန်းလုပ်သူတွေ
ကတော့ တောင်းစားကောင်းနေတုံးဗျို့။
ကျောင်းသားတပ်မတော်ခေါင်းဆောင်တွေက ပြည်ပထွက်ရင်မိတ်ဟောင်းဆွေဟောင်းတွေကို
လေးလေးစားစားဆက်ဆံသလောက်၊ အရက်သောက်စားနေတဲ့ ရဲဘော်နှစ်ယောက်ကတော့
အတင်းအဖျင်းတွေမှာ ဆုံဆည်းကြသတဲ့။
သူတို့က လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ်။ ဒါကြောင့် သူတို့ကို ထောက်ပံ့ရမယ်ဆိုပြီး
လူတိုင်းကို အထက်စီးကကြည့်ပါ့။ ပညာမတတ်၊လက်ကြောမတင်း၊သူတောင်းစားစိတ်ဓါတ်နဲ့တော်လှန်ရေး
တွေအော်နေတော့ ကုလား ကျော်မြထွီး ( ယူစွတ်ဟန်ဆန်) နဲ့တွဲမိကြရော့။
 လေထန်ကုန်းမှာ ဆုံဆည်းကြလေသတည်း ဆိုကာ ရှိသမျှအဖွဲ့တွေကို မနာလိုကြီးစွာဆဲဆိုအတင်းပြော။
ကိုကျော်သန်း လို သတ္တိရှိပါဗျာ။ ခြစားနေတာကို ပွင့်ပွင့်လင်းလင်းထောက်ပြလိုက်ပါလား။
ခုတော့ဗျာ။ ကုလား ယူစွတ် ကျော်မြထွီး နဲ့ပေါင်း၊ ဝေနှင်းပွင့်သုံ ကို မနာလိုပြီး
AAPP ကို တိုက်ခိုက်နေလိုက်တာ။ ရှက်စရာပဲဗျို။ ကောင်မလေးငယ်ငယ်လေးတွေမြင်ရင်
ယူဆွတ် ကျော်မြထွီး က စိတ်နာတယ်ဗျ။ သူကလည်း မယ်ရီလင်းမှာ ကောင်မလေးငယ်ငယ်လေးကို
သွားကြံလိုက်တာ။ ကောင်မလေးကတောင်းပန်တယ်။ “ မာမူကြီး ရယ် ကျမကို မနှောက်ရှက်ပါနဲ့” တဲ့။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ပေးစာ


အကိုခင်ဗျား
တကယ်တော့ ရခီး ကျော်မြထွီးက ရခိုင်အစစ်မဟုတ်။  သူ့နာမည်ရင်းက ယူဆွတ်ဟတ်ဆန်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာခိုကပ်နေခဲ့ရ၏ (ပုံမှာ သူငယ်ငယ်က ပုံဖြစ်ပါတယ်။
 ရဲစခန်းအနီးလက်ဘက်ရည်ဆိုင်မှာ ရိုတီသွားခိုးစားမိစဉ်ရိုက်ခံရ၏)
ကျနော်ဟာလည်း ဘင်္ဂလားဒေ့ရှ်မှာမွေးပြီး ဗမာပြည်မှာ ကြီးပြင်းခဲ့တဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော့ဘာသာကိုကျနော်အမြတ်တနိုးကိုးကွယ်ပါတယ်။ ဘာသာမပြောင်းခဲ့ပါ။
ဗမာပြည်ဘက်ကိုထွက်ပြေးခိုလှုံသောအခါ တင်မောင်ထွီး တို့ မိသားစုမှ ယူဆွတ် ကို
ကျော်မြထွီးအဖြစ်နာမည်ပြောင်းပြီး မွေးစားခေါ်ယူထားခဲ့ပါတယ်။
ဒါကြောင့် တင်မောင်ထွီးနဲ့သူနဲ့ ညီအကိုတော်ကြောင်းပြောနေပေမဲ့ လူအများက
မယုံကြပါဘူး။တင်မောင်ထွီး က တော့ ထက်မြက်တည်ကြည်သလောက်
ကျော်မြထွီးကတော့ ပညာလည်းမသင်၊ စီးပွားရေးလည်းအဆင်မပြေပါ။ ဒါကြောင့်အမေရိကားမှာ
နိုင်ငံရေးအရ ပေါက်မြောက်အောင်မြင်နေသူ ကိုညီညီအောင်၊ ကိုနေတင်မြင့်တို့ကို မနာလိုပြီး ဓါတ်ပုံတွေခိုး
ပြီး မဟုတ်တယုတ်တွေလျှောက်ရေးပါတယ်။ အခုလည်း ဒေါက်တာစိန်ဝင်းသမီးကို လိုက်လို့မရတော့
မဟုတ်တယုတ်တွေလျှောက်ပြောနေပါတယ်။ USCB က အဖြူတွေနဲ့တွဲနေတယ်
ဘာညာဆိုပြီး ဝါဒဖြန့်နေပါတယ်။ သူ့ကို နယူးယောက်က လူငယ်တွေက ဖမ်းဆီးပြီး ၈၈၈၈ ရဟူးဂရုနဲ့
လေထန်ကုန်းဟာ မင်းတို့လုပ်တာမဟုတ်လား ဆိုတော့ ကြောက်လန့်ပြီး ပါတဲ့သူတွေနာမည်ကိုဝန်ခံ
ခဲ့ပါတယ်။ ဥရောပ မှ သူ့သူငယ်ချင်းကလည်း ဖောက်နေကြောင်း၊
( တေဇသူရိယ ကိုလည်း မထိန်းနိုင်ကြောင်း)၊  ထိုင်းမှ မောင်ချင့်ချိန်နာမည်နှင့်ရေးသူကိုလည်း
အမည်ရင်းပြောပြီး  ထိုင်းထောက်လှမ်းရေးသိမှာစိုးလို့ပါဝင်တဲ့တခြားသူတွေကို
အများကို မပြောပါနဲ့ဆိုလို့ ကျနော်ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။
 ကျနော်တို့ယုတ်မာချင်ရင်၊ ထိုင်းထောက်လှမ်းရေးကိုလက်တို့လိုက်ရင်ရပါတယ်။
ကျနော်အံ့သြမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ဗိုလ်ချုပ်သန်းရွှေကိုတော့ သတ်ဖို့မကြိုးစားပဲ အချင်းချင်း
အတင်းပြောတိုက်ခိုက်နေပါတယ်။ ခွပ်ဒေါင်းအလံကိုပါစော်ကားလာပါတယ်။
၈၈၈၈ ရဟူးဂရု ဖွဲ့ရခြင်းရည်ရွယ်ချက်ကို နောက်စာမှာ ကျနော်ပြောပြပါမယ်။
ကျနော်အလုပ်သွားရမှာမို့ပါ

မိုဟာမက် ဟတ်ဆန်း

Monday, October 18, 2010

ဟားမတ်စ် လား။ ဗလပ် ဗလပ် တွေလား


ဒါကတော့ ပါလက်စတိုင်းက ဟားမတ်စ်ပေါ့ဗျာ။ သူတို့ကတော့ တကယ်ဆော်တယ်ဗျို။ ပစ်မှပစ်။
ဒါကြောင့် သူတို့ကို စစ်သွေးကြွ၊ လက်နက်ကိုင်အကြမ်းဖက်သမားတွေလို့ အမေရိကန်ကစွပ်စွဲတယ်။
ကျနော်တို့လောကမှာလည်း လက်နက်ကိုင်တိုက်ပွဲဝင်မယ်ပြောပြီး၊
သောက်တင်းပြောနေတဲ့ ကိုလက်နက်ကိုင်တွေရှိတယ်ဗျ။ သူတို့ကိုတော့ ဗလပ်ဗလပ်အဖွဲ့လို့ခေါ်တယ်။
သူတို့က အတင်းတွေပြောနေတော့ ကိုသန်းရွှေကြီးက နိုင်ငံတကာလှည့်ထွက်နေတာပေါ့နော်။
သူတို့လို လေလွှတ်နေတဲ့သူတွေလောက်တော့ ပျင်းသေးသတဲ့။ ထိုင်းမှာရောက်တုန်းက အအော်နိုင်ဆုံး
ခွေးလေးတွေကိုတောင်ဝယ်သွားတယ်ဆိုပဲ။
လေထန်ကုန်းသောက်တင်းပြောအဖွဲ့မှာ အဲ့ဒီ ကိုလက်နက်ကိုင်(လေနဲ့ယိုင် လို့ ဖတ်ပါ)
အဖွဲ့ဝင်နှစ်ယောက်လည်းပါတယ်ဆိုပဲ။ သူတို့က အော်မှအော်ဗျာ။ လက်နက်ကိုင်တော်လှန်ရေးအကြောင်း။
မအံ့သြနဲ့။ သူတို့အကြောင်းလည်ဝေဝေဆာဆာ။မကြာခင် လာပါမည်။

Sunday, October 17, 2010

ကဗျာဆရာတွေ နီ သလားဟေ့

လေထန်ကုန်းအဖွဲ့မှာ အတင်းပြောတာကိုနှစ်သက်တဲ့ ကဗျာဆရာတယောက်လည်းပါသဗျ။
တခါတုန်းကဗျာ။ မဲဆောက် လက်ဘက်ရည်ဆိုင်မှာ ထိုင်းနယ်စပ်ကိုအလုပ်လာလုပ်တဲ့ အလုပ်သမားလေး
တယောက်နဲ့ ရန်ဖြစ်သဗျ။ အလုပ်သမားလေးကို သူက ခြိမ်းခြောက်တယ် ဆိုပဲ။
“မင်းငါ့ကို ဘာကောင်ထင်လဲ။ ငါက ကျောင်းသားတပ်မတော်ကကွ” လို့
ဆိုပြီး ဟေ့ဂ် ကနဲလေချဉ်တက်လိုက်တယ်။ အလုပ်သမားလေးက မျက်လုံးပေကလပ်ပေကလပ်နဲ့ပေါ့
စိတ်ထဲမှာတော့ “ဟင်း တော်လှန်ရေးသမားလည်းပြောတယ်။အရက်သမားကြီးတွေဘာလို့ဖြစ်နေသလဲ”
တွေးနေတာပေါ့။ အင်းမ်-လေထန်ကုန်းမှာ အရက်သမားတွေ ကိုယ်ရည်ကိုယ်သွေးကျပြီး
ကိုယ့်ကိုယ်ကိုတောင်မယုံကြတော့ဘူး။ ကိုယ့်မိန်းမ ကို ၂၀၀၇ ရွှေဝါရောင်ကိုယ်တော်နဲ့ ပေးစားလို့ပေးစား။
ရဲဘော်တို့ရေ၊ အရက်သောက်များရင် စိတ်ဓါတ်ကျတယ်နော်။ သံသယတွေများတတ်တယ်နော်။
လူတွေကို သံသယတွေ၊ မနာလိုမှုတွေနဲ့ မကြည့်ကြပါနဲ့။ အေ့---

Saturday, October 16, 2010

အချစ်တပွဲစစ်ပွဲတရာ

ရခီး ကျော်မြထွီး တယောက် အလံကိုနင်းကာနင်းကာ အသံပြာပြာဖြင့်အော်နေလေတော့ပြီ
ဗိုလ်သန်းရွှေပုံကိုနင်းရင်း
“ ကျနော် ၈၈၈၈ သွေးသစ်ရဲဘော်ကျော်မြထွီး တယောက်ဒေါသထွက်နေတယ်နော်”
“ ဟာ ဘယ်သူ့ကိုလဲ စစ်အာဏာရှင်တွေကိုလား၊ ဒေါက်တာစိန်ဝင်း ကိုလား”

ကျော်မြထွီး --နှစ်ယောက်လုံးဗျ။ ခွေးမသား စစ်ခွေးတွေကြောင့်ပြည်ပရောက်လာပြီး အိမ်ထောင်တောင်မပြုနိုင်၊ဟို ဆန္ဒပြပွဲသွားလိုက်၊ ဒီနှစ်ပတ်လည်သွားလိုက်၊ အားတော့လည်း ချောင်ကြိုချောင်ကြားက မအောင်မြင်သူများစုစည်းရာ လေထန်ကုန်းမှာ သူများအတင်းပြောလိုက်နဲ့။

ပရိဿတ်--- ခင်ဗျားတို့ကသာ သူများအတင်းလျှောက်ပြောနေတာ။ ခင်ဗျားတို့လေထန်ကုန်းက ငပေါတွေအကြောင်းလည်း လူတွေပြောနေကြပြီနော်။ ကြည့်လုပ်အုံး။ ဒေါက်တာစိန်ဝင်းသမီး၊ လပြည့် ကို ခင်ဗျားရည်းစားစကားသွားပြောတယ် ဆို။ ခင်ဗျား ဗျာ အသက်ကိုမှအားမနာ၊ ဟိုက အရွယ်ရောက်ခါစ ရှိသေးတယ်။ ခင်ဗျားက (၄၅) နှစ်ကျော်။ မလုပ်ပါနဲ့။သနားပါတယ်။

ကျော်မြထွီး----   ဘေးဘီကို ကျီးကန်းတောင်းမှောက်ကြည့်ကာ “ရှူး တိုးတိုး တိုးတိုး ၊ ဒေါက်တာစိန်ဝင်းကတော် ဒေါ်စီစီ က ကျုပ်ကိုမြင်ရင်သတ်ချင်နေတာ။ ကြားသွားလိမ့်မယ်။

ပရိဿတ်--- ဟာ ခင်ဗျားတို့ပြောတော့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေရော၊ ၂၀၁၀ ကို အပြတ်ချရမယ်တွေရော။ လေထန်ကုန်းက ကောင်တွေတော်တော်ရီရတယ်။ ခင်ဗျားတို့က ရှစ်လေးလုံးသတင်းစဉ်မဟုတ်ပဲ။ ညစ်တုံးတုံးအတင်းသဘင်” ဖြစ်နေပါရော့လား
 တော်လှန်ရေးလုပ်ဖို့ နေနေသာသာ ဒေါက်တာစိန်ဝင်း ကတော်ကိုတောင်ကြောက်နေရပါလား။


ကျော်မြထွီး --- ဒါကြောင့် စင်ပြိုင်အစိုးရကိုလည်း စိတ်နာတာပေါ့ဗျ။ တောက်။ ဆိုက်တွေမြို့ကိုလာလို့ကတော့ စစ်တိုက်ပြီး ကို ယူပစ်လိုက်မယ်။

အော်-- အချစ်တပွဲ စစ်ပွဲတရာ၊ ရခီးအသဲ ပျားတုပ်နေရှာ
လေထန်ကုန်းအဖွဲ့ဝင်တယောက်အဖြစ်ပါဗျာ

NDF ဘာတွေလုပ်နေပါသလဲ

ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ပြီး လုပ်နေချင်ပေမယ့် မဖြစ်တော့ဘူးထင်လို့ ရေးပြရခြင်းပါ။
ပထမဆုံး NDF နဲ့ ပတ်သက်ပြီးလူထုကြားက သဘောထားလေးကို ပြောပြချင်ပါတယ်။
လူထုက အစကတော့ NDF ကို  NLD က ခွဲထွက်ခဲ့ပေမယ့် ကြံ့ဖွံ့နဲ့တစည ကို မကြိုက်တော့ မဲပေးဖို့
ရည်ရွယ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့မဟုတ်တာတွေ လုပ်တာကို အတွင်းကျကျ မဟုတ်ပေမယ့် လူထုက ထိုက်သင့်သလောက် သိလာပါတယ်။

ဘာမှမလုပ်လိုက်ရပဲ ကြားထဲက အချောင်အမြတ်ထွက်သွားတာကတော့ ဦးသုဝေတို့ ပါတီပါပဲ။
အခု မဲပေးမယ်ဆိုတဲ့သူ အတော်များများက ဦးသုဝေတို့ပါတီကို ပြောနေကြပါပြီ။
NDF နဲ့ပတ်သက်ပြီး ဒေါက်တာသန်းငြိမ်းရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စည်းရုံးပုံလေးကို ပြောပြပါ့မယ်။စက်တင်ဘာ လဆန်းပိုင်းခန့်က ဒေါက်တာသန်းငြိမ်းက မကွေးတိုင်း/စည်း တစ်ယောက်နဲ့
NLD ဆင်ပေါင်ဝဲအမတ် ဦးခင်မောင်အေး ကိုမှာပါတယ်။ ဆွေးနွေးစရာရှိလို့ လိုက်ခဲ့စေချင်ပါတယ်ပေါ့။
NDF ရုံးခန်းမှာ တွေ့ကြတဲ့အခါ ဒေါက်တာသန်းငြိမ်းက ဦးခင်မောင်အေး ကိုငွေ ၅ သိန်း ထုတ်ပေးပါတယ်။
 ဦးခင်မောင်အေးက ဘာလုပ်ဖို့လဲ လို့ မေးတဲ့အခါ ဒီပိုက်ဆံနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီး
NDF ကနေ ၀င်ပြိုင်ပေးပါလို့ ပြောပါတယ်။ ဦးခင်မောင်အေးက မ၀င်နိုင်ကြောင်း၊

ခင်ဗျားတို့နဲ့ သဘောထားမတူလို့ လမ်းခွဲပြီးဖြစ်ကြောင်းပြောတဲ့အခါ ဒေါက်တာသန်းငြိမ်းက နည်းလို့လား၊
နောက်ထပ် ၅ သိန်းထပ်ပေးမယ်။ ၁၀ သိန်းဆိုရင်တော့ လောက်မှာပါလို့ ပြောပြန်ပါတယ်။

ဦးခင်မောင်အေးက ဘယ်လိုနည်းနဲ့မှ မ၀င်နိုင်ကြောင်းပြောတဲ့အခါမှာတော့ ဒေါက်တာသန်းငြိမ်းက ပိုက်ဆံ ၅ သိန်းကို အတင်းထိုးပေးပြီး၁ ရက်လောက်တော့ စဉ်းစားပါဦးဆို ပြောလို့ ဦးခင်မောင်အေးလဲ ပြန်လာလိုက်ပါတယ်။နောက်နေ့မှာ ဦးခင်မောင်အေး က NDF ရုံးခန်းကိုပြန်သွားပြီး ဒေါက်တာသန်းငြိမ်းကို
ပြောပါတယ်။ သူ့အနေနဲ့ မနေ့ကတည်းက ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း၊
ဒေါက်တာသန်းငြိမ်းက ၁ ရက်လောက် စဉ်းစားပါဦးဆိုလို့ ပိုက်ဆံကို ယူသွားရခြင်းဖြစ်ကြောင်းနဲ့ ယခု ပိုက်ဆံပြန်လာပေးခြင်းဖြစ်ကြောင်းပြောပါတယ်။

ဒေါက်တာသန်းငြိမ်းက ဘာဖြစ်လို့ NDF က မ၀င်ချင်တာလဲ မေးတဲ့အခါ ဦးခင်မောင်အေးက ကျွန်တော်က ခင်ဗျားတို့ကို သစ္စာဖောက်လို့သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ရပ်တည်ချက်၊ ခံယူချက်မတူတဲ့အတွက် လက်တွဲဖို့မဖြစ်နိုင်ကြောင်းပြောပါတယ်။ ပိုက်ဆံ ၅ သိန်းကိုလဲ ပြန်လည်လက်ခံရရှိကြောင်း
လက်မှတ်ထိုးပေးရမယ်ဆိုလို့ ဒေါက်တာသန်းငြိမ်းခမျာ လက်မှတ်ထိုးပေးလိုက်ရပါတယ်။
အစကတော့ အဓိကရန်သူက ကြံ့ဖွံ့ပဲဆိုပြီး ဘာမှမပြောဘဲ နေခဲ့တာပါ။

ဒါပေမဲ့ NDF က တဖြည်းဖြည်း မိုက်ရိုင်းသထက် မိုက်ရိုင်းလာပါတယ်။
ဒီတိုင်းလွှတ်ထားလို့ မရတော့ဘူး မြင်လို့ပါ။ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းတွေ ဖြစ်နေတာကို အကိုတို့လဲ ကြားမှာပေါ့။
အခုက သိထားသင့်တယ်ထင်လို့ ပြောပြခြင်းပါ။
ကျွန်တော်ကတော့ လိုအပ်လာရင် ဦးခင်မောင်အေးဆီက စာရွက်ကိုပါယူပြီး တင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ခင်မင်လေးစားလျက်
ပြည်တွင်းမှမိတ်ဆွေ

လေထန်ကုန်းမှာပါဝင်သူများအတွက်

လေထန်ကုန်းမှာပါဝင်နေသောသူများအကြောင်းကို မကြာခင်ဖေါ်ထုတ်ပါတော့မည်။
အားလုံးပျော်ရွှင်စွာ ဇာတ်သိမ်းကြရအောင်ပါ။

မေး----၈၈၈၈ ပြည်သူ့နေ့စဉ်က ဘာလို့ ကိုမြအေးရဲ့သမီးဝေနှင်းပွင့်သုန်ကအစ မနာလိုဖြစ်နေရတာလဲ။

ဖြေ--- ကျနော်တို့က ဘာမှမလုပ်နိုင်တော့ အတင်းပဲပြောရတာပေါ့ဗျာ။
        ကျနော်တို့ပြောပြောနေတဲ့ လက်နက်ကိုင်တော်လှန်ရေးဖြစ်မဖြစ်တော့ မသိဘူး။
        မဲဆောက်မှာ ထိုင်ပြီးခွဲနေတာ။ ရေအိုးတွေလေ၊ ရေအိုးတွေ၊

မေး--- ဒါဆို--ကိုကျော်သူရဲ့နာရေးအသင်းမှာသွားပြီး အသုဘပို့တဲ့ကားနောက်လိုက်ကြပါလား။
        ခွဲလိုက်တဲ့ရေအိုးတွေဗျာ။ ခင်ဗျားတို့နဲ့ဆို အကိုက်ပဲ။

ဖြေ--- ပြည်တွင်းဝင်လို့ဖြစ်ပါ့မလား။ ကျနော်တို့အဖွဲ့ထဲမှာ တချို့က မိန်းမကြောက်လို့ထွက်ပြေး။
        တချို့ မျက်နှာဖုံးစွပ် ဓါတ်ပုံရိုက်၊ တချို့က မဲဆောက်မှာ တော်လှန်ရေးလုပ်နေသလိုလိုတောင်းစား
       သူများတွေလို ပရိုပိုဆယ်တင်မစားနိုင်တော့၊ ဟိုက တရာ။ ဒီက တရာ တောင်းစားနေရတာပေါ့။

မေး-- ခင်ဗျားတို့က ပိုအဆင့်နိမ့်တဲ့ သူတောင်းစားတွေပေါ့ ဟုတ်လား။

ဖြေ--- မရက်စက်ပါနဲ့ဗျာ။ ကျနော်တို့အဖွဲ့ထဲမှာ ပါတဲ့တယောက် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကိုဘာလို့စိတ်နာနေသလဲ သိလား

ထိုသို့သော အကြောင်းအရာများကို မကြာခင်တင်ဆက်သွားပါမည်။ မျှော်