Thursday, November 4, 2010

မိမိမျက်ချေးကို မြင်ကြပါစေ

ရဲဘော်တို့ ဒီကနေ့ နိုင်ဝင်ဘာ (၅) ရက်နေ့ဟာ ကျောင်းသားတပ်မတော်မွေးဖွားလိုက်တဲ့နေ့ဖြစ်တယ်။
ဒီလို ဂုဏ်ရောင်ထွန်းပြောင်တဲ့ သမိုင်းဝင်နေ့တနေ့မှာ ရဲဘော်တို့ကို အလေးအနက်စကားပြောပါရစေ။
အနှစ် (၂၂) နှစ်အတွင်းမှာ ကျနော်တို့ဘာတွေအောင်မြင်ခဲ့သလဲ၊ ဘာတွေဆုံးရှုံးခဲ့သလဲဆိုတာကို
ပြန်သုံးသပ်ကြမယ်။ နိုင်ငံတကာမှာ ကြဲပြန့်နေတဲ့ ရဲဘော်ဟောင်းတွေကို နှုတ်ဆက်ကြမယ်။

ဒီနေရာမှာ ကိုယ့်ဘာသာမဝေဖန်မစမ်းစစ်ရဲတဲ့ရဲဘော်တချို့ကိုမြင်တွေ့နေရတာ စိတ်မကောင်းဖြစ်မိတယ်။
သူတို့ဟာ အတန်းပညာချို့တဲ့လို့ အားငယ်နေတယ်ဆိုတာကို စာနာမိပေမဲ့ ကိုယ့်ရဲ့မအောင်မြင်မှုတွေကို
မွန်းကြပ်စွာခံစားပြီး သူများတွေကိုအပြစ်တင်တိုက်ခိုက်နေတာကိုတော့ စိတ်ပျက်မိတယ်
ရဲဘော်တို့
တကယ်တော့ လက်နက်ကိုင်လမ်းစဉ်ဆိုတာ ငါတို့ယုံကြည်လို့ရွေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ငါတို့သည်သာ သူရဲ့ကောင်း လက်နက်မကိုင်သူတွေဟာ လူညံ့တွေ ဆိုတဲ့ အတွေးအခေါ်တွေဟာအင်မတန်ညံ့ဖျင်း
စုတ်ပြတ်တဲ့အတွေးအခေါ်ဖြစ်တယ်။ ဒီလိုတွေးခေါ်နေမှုတွေကို အဓိကပြင်ဆင်သွားဖို့မှာချင်တယ်။

နောက်အုပ်စုတစုကတော့ နိုင်ငံတကာရဲဘော်တွေဆီက ပိုက်ဆံရတုန်းမှာအကောင်းပြော၊ပိုက်ဆံမပေးရင်
အတင်းပြောတဲ့ ကလေကချေသောက်ကျင့်တွေဖြစ်တယ်။ ဒီလို သူတောင်းစားအကျင့်စရိုက်နဲ့ မိတ်ဖွဲ့မှုဟာ
ရဲဘော်စစ်ရဲဘော်မှန်တွေကို ကျောခိုင်းခြင်းနဲ့အတူတူပဲဖြစ်တယ်။ ဒီလိုလူတွေဟာ
ကိုယ့်ရဲ့အခြေအနေကိုမသုံးသပ်မိပဲ ဟန်ဘာဂါနဲ့ဆူရှီးစားနေသူလူချမ်းသာတွေကို ကျူးကျော်ရပ်ကွက်မှာ
မြှစ်ချဉ်အနိုင်နိုင်စားနေရရှာတဲ့ လူတန်းစားက မနာလိုတိုက်ခိုက်နေသလိုမျိုးဖြစ်နေတယ်။
ဒါကြောင့် ဒီလိုသေးသိမ်အောက်တန်းကျတဲ့ဗီဇကို ပြင်ဆင်ကြပါလို့မှာပါရစေ။
ရဲဘော်တို့
အနှစ်(၂၂) နှစ်အတွင်းမှာ ဘယ်သူ့ဘယ်သူမှ ညာလို့မရကြတာအားလုံးအသိပဲဖြစ်တယ်။  လက်နက်ကိုင်တပ်ဆိုတာ သေနတ်ပစ်တတ်သူသာ ဥက္ကဋ္ဌဖြစ်သင့်ပြီး၊ အတင်းအဖျင်းပြောသူတွေက
ပဲကြီးလှော်တပ်ရင်းမှာ ထမင်းချက်သင့်ပါတယ်။ လူပုံအလယ်မှာ အရှက်ကွဲစေမဲ့ကြွေးကြော်မှုတွေကို
ရှောင်ရှားကြပြီး လက်နက်ကိုင်တိုက်ပွဲကို တကယ်ဆင်နွဲကြပါစို့။
ကျောင်းသားတပ်မတော်အတွက် အသက်ပေးကိုယ်ကျိုးစွန့်ခဲ့တဲ့ ရဲဘော်များကို အလေးပြုဂုဏ်ယူကြပါ။

အထက်ပါပုံကလေးကတော့ လက်နက်ကိုင်မလိုလိုဟန်ပြပြီး ပဲကြီးလှော်လိုလေပွအတင်းပြောနေတဲ့
မလိမ်မိုးမလိမ်မာလေးတွေအတွက် လိုဂိုတခုဖြစ်ပါတယ်။

3 comments:

  1. မင်းနိုင်November 5, 2010 at 8:59 AM

    ခွေးမသားတွေ၊ ပညာမတတ်တိုင်းပညာတတ်တွေကိုစော်ကား
    သူတို့မလာနိုင်တိုင်း နိုင်ငံခြားရောက်နေသူတွေကိုစော်ကား
    သူတို့ဖြင့် မြဝတီဘက်က ရဲတယောက်လောက်ကိုတောင် သတ်မပြနိုင်ဘူး။
    မဲဆောက်မှာ ရုံးဖွင့်ပြီးအာချောင်နေတာလောက်တော့လူတိုင်းလုပ်တတ်တယ်

    ReplyDelete
  2. လက်နက်ကိုင်မှ တော်လှန်ရေးလုပ်တယ်ခေါ်လားဗျာ
    ခင်မမမျိုးဆောင်းပါးမှာ တော်လှန်ရေးအမျိုးမျိုးအကြောင်းဖတ်ကြည့်ပါအုံး
    တော်လှန်ရေးဆိုတာ နေရာတိုင်းမှာ လုပ်တတ်ရင်ရှိတယ်။
    ဗမာပြည်နဲ့နီးနီးလေးမှာ ကပ်နေပြီး ဗမာအလုပ်သမားလေးတွေကို ဖျက်ဆီးနေတာ တော်လှန်ရေးလုပ်တာမဟုတ်ပါဘူး။

    ReplyDelete
  3. ကြည်စိုးNovember 5, 2010 at 9:02 AM

    ကိုလက်နက်ကိုင်တို့ ရွေးကောက်ပွဲဖျက်ပြပါဗျို့
    နယ်စပ်မှ အာနှင့် ဖျက်မနေပါနှင့်
    ကြံ့ဖွံ့ပါတီရုံးတွေကို ဗုံးခွဲပြပါ။
    ပြည်သူတွေကြားခွဲတာကို ငါလုပ်တယ်ငါလုပ်တယ် မပြောပါနဲ့

    ReplyDelete

Note: Only a member of this blog may post a comment.