Monday, November 8, 2010

ဗိုလ်နှုတ်ခမ်းမွှေးသမိုင်းရေးပြီ


မြဝတီ ကို ဗိုလ်နုတ်ခမ်းမွှေးခေါင်းဆောင်တဲ့ ကရင်မျိုးချစ်လက်နက်ကိုင်တပ်တွေဝင်သိမ်းပစ်လိုက်တာ
ပြည်ပရောက်နေတဲ့ ကျူပ်တို့အားလုံး ဝမ်းသာဂုဏ်ယူထောက်ခံကြတာပေါ့။ လူတိုင်းလူတိုင်းကသူတို့ကို
ငွေအား၊စိတ်ဓါတ်အင်အားဘယ်လိုကူညီကြမလဲဆွေးနွေးနေကြတာအားရစရာကောင်းပါ့။
လူထုတိုက်ပွဲကော်မတီက ကိုမိုးသီးအုပ်စုဆိုရင် မဲဆောက်မြို့မှာ နေ့မအားညမအား ဒုက္ခရောက်နေတဲ့
ပြည်သူတွေကို ကူညီနေလိုက်ကြတာ သာဓုခေါ်တယ်။ လေးစားတယ်ဗျို့။ ကျောင်းသားတပ်မတော်က
ရဲဘော်ကြီး ကိုဝေလင်းဇင်တို့ဆိုရင် စစ်ပွဲနဲ့အနီးကပ်နေပြီး၊ ရန်သူကို ပြန်ချဖို့လုပ်ကြတယ်။
ဒီကေဘီအေနဲ့အတူရှိနေတဲ့ ကျောင်းသားတပ်မတော်တပ်ရင်းမှူးတယောက်ရဲ့အင်တာဗျူးကိုလည်း
နားထောင်ရတယ်ခင်ဗျ။ လက်တွေ့လုပ်နေတဲ့သူတွေကတိုက်ပွဲနဲ့အတူရှိနေတာပေါ့။

အဲ့အဲ့ လေထန်ကုန်းမှာ အချိန်ဖြုန်းနေတဲ့ ကျောင်းသားအမည်ခံ ပဲကြီးလှော်များကတော့ ငြိမ်နေတယ်နော်
သူတို့က ဘယ်သူ့အတင်းပြောရမလဲစောင့်နေတယ် ( ခွေးချောင်းချောင်းနေတယ်ဆိုတာဒါမျိုးပေါ့)
သူတို့ကလည်း အင်နဲ့အားနဲ့ ဝိုင်းမလို့တဲ့ဗျာ။ ဘယ်ကိုဝိုင်းမှာလဲလို့မေးကြည့်တော့
အရက်ဆိုင် ကို တဲ့ဗျာ။ ကောင်းရော့။  ခေတ်ပျက်တုံး အရက်ခိုးမဲ့ ကိုပဲကြီးကြီးလှော်တို့လည်းရှိနေတယ်ဗျို။

No comments:

Post a Comment

Note: Only a member of this blog may post a comment.