Wednesday, November 3, 2010

အသွေးတူအသားတူတွေပေါင်းကြပြီ

ကျနော်တို့ဟာ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အော်စတင်မြို့မှာ နေထိုင်သူများဖြစ်ပါတယ်။
လေထန်ကုန်းအဖွဲ့ဝင် ကျော်မြထူးဟာ အမေရိကန်ပြည်ထောင်စုကို စရောက်စဉ်ကျနော်တို့နဲ့ အတူနေထိုင်ခဲ့ပါတယ်။ အလုပ်လည်းမယ်မယ်ရရမလုပ်ပဲ၊ ညတိုင်ရင် သူများ
အကြောင်းတွေသာ ပြောနေတာကြောင့် ကျနော်တို့တတွေ သူ့ကို အိမ်မှနှင်ချဖို့တိုင်ပင်ကြပါတယ်။
ကျနော်တို့အိမ်က ဆင်းပေးဖို့ သူ့ကို ပြောခဲ့ပေမဲ့ သူက မဆင်းနိုင်ဘူး ဆက်နေမယ်ဆိုကာ ဇွတ်အတင်း
ဆက်နေပါတယ်။ ဒါကြောင့် ကျနော်တို့တတွေ 911 ကို ခေါ်ပြီး ရဲကိုအကြောင်းကြားလိုက်ပါတယ်။
ရဲက သူ့ကို ဆွဲချပြီး ဂရေးဟောင်းကားဂိတ်ပို့ပေးခဲ့တယ် လို့သိရပါတယ်။
ဟိုတခါ က ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော်
ကို ညစဉ်ဖုံးဆက်ပြီးစော်ကားပါတယ်။ ကိုထွန်း က သူ့နဲ့အဆင့်အတန်းမတူတာကြောင့် အဖက်လုပ်စကား
မပြောခဲ့ပါဘူး။ အခုတော့ စရိုက်တူအသွေးတူတွေပေါင်းပြီး ကိုထွန်းနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို
စော်ကားနေတာ မဆန်းဘူးလို့ထင်ပါတယ်။ ဒီမောင်တွေ သူ့အရှိန်နဲ့သူ ဒလိမ့်ခေါက်ကွေးကျနေပါပြီ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.