Thursday, October 21, 2010

ABSDF မွေးနေ့အစစ်အမှန်

လက်ရှိ ABSDF မှာတာဝန်ထမ်းဆောင်နေကြသောခေါင်းဆောင်၊ရဲဘော်များခင်ဗျား

အေဘီဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် ထောက်ပြတဲ့ အေဘီမွေးနေ့ရက်
၁၉၈၈ နိုဝင်ဘာလ ၅ ရက်နေ့ဟာသမိုင်းအမှန်ဘဲဖြစ်ပါတယ် ။ ABSDF ပထမညီလာခံကို
၁၉၈၈ နိုဝင်ဘာလ ၁ ရက်မှ ၅ ရက်ထိ ကျင်းပခဲ့ပြီးနောက်ဆုံးရက် နိုဝင်ဘာလ ၅ ရက်နေ့ကမှ
တညီတညွတ်တည်းဆုံးဖြတ်ကြပြီးမှ ABSDF ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ရဲဘော်များအနေဖြင့် အခုလာမဲ့ABSDF မွေးနေ့ ပွဲကိုသမိုင်းအမှန်အတိုင်း
နိုဝင်ဘာလ ၅ ရက်နေ့ကိုပြောင်းလဲကျင်းပပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါတယ်။

                               ရဲဘော်ရဲဘက်များကိုအစဉ် ချစ်ခင်လေးစားလျှက်

                                                                     သန်းဝင်း
                                                          အထွေထွေအတွင်းရေးမှူး (၁၉၈၈ )
                                                                   ABSDF

2 comments:

  1. ဘောလုံးသမား တပ်ရင်းမှူးOctober 21, 2010 at 1:07 PM

    အေဘီခေါင်းဆောင်များခင်ဗျား
    ကျောင်းသားအလံတော်ကို ခိုနားပြီး တောက်တိုမယ်ရခိုင်းခံရတဲ့
    အဆင့်လောက်သာ၇ှိတဲ့သူတွေက နယ်စပ်ပြန်လာပါလား ဘာညာဆိုပြီး သမိုင်းတကယ်ရှိသူတွေကို စော်ကားနေတာမြင်နေကြမှာပါ။ သူတို့ကို မေ့ထားလိုက်ပါ။ ကျောင်းသားတပ်မတော်ရဲ့ကျေးဇူးကိုစော်ကားပြီး လမ်းလေးကလေကချေလို အော်နေတဲ့ လေထန်ကုန်းအဖွဲ့ဝင်များကို ရဲဘော် ဆော့ကြီးမှ ဆုံးမမည်ဟု မျှော်လင့်မိသည်။

    ReplyDelete
  2. ဇင်မိုးOctober 21, 2010 at 4:15 PM

    ကွန်မြူတာလေးမတောက်တခေါက်ရပြီးသွားလက်ဆော့မိတယ်။
    ကျနော်တို့တော့ သေတော့မယ် ကိုဆော့ကြီးရေ။ ကျနော်တို့က Phtoshop ကို ခရော့ လုပ်တတ်တာလောက်ပဲရှိတာ။ ပုံတွေကိုဖြတ်ညှပ်ကပ်တတ်ပေမဲ့။
    ပညာလည်းမတတ်၊ ကျောင်းသားအလံအောက်မှာ ခိုနားပြီး ခေါင်းဆောင်တွေကိုစော်ကား၊ ခွပ်ဒေါင်းကိုသွားစော်ကား။ လေထန်ကုန်းငမိုက်သားများ ငရဲလားတော့မှာပါလား

    ReplyDelete

Note: Only a member of this blog may post a comment.