Tuesday, October 19, 2010

ကျော်မြထူး သို့ အိပ်ဖွင့်ပေးစာ

---------- Forwarded message ----------
From: Than Win <thanwin.yakatha@gmail.com>
Date: 2010/10/19
Subject: ကျော်မြထူး သို့
To: kyawmyahtoo <kyawmyahtoo@gmail.com>


ကျော်မြတ်ထူး

မင်းတို့ငါ့ email ကို ပိတ်ထားတယ်ဟုတ်လား။ကိစ္စမရှိဘူး မင်းတို့ကြိုက်တာလုပ်လို့ရတယ်။
ဘာကြောင့်ပိတ်တာလဲဆိုတာတော့ငါမမေးတော့ဘူး၊ ဒါပေမဲ့လို့ မင်းတို့သိအောင်ငါပြောလိုက်မယ်
မင်းတို့ကဒီမိုကရေစီအင်အားစုရဲ့ email တော်တော်များများကိုပိတ်ထားတယ်လို့ငါကြားတယ်။

တဘက်မှာ စစ်အစိုးရကိုအထောက်အကူပြုတဲ့ email ပုဂ္ဂိုလ်ရေးတိုက်တဲ့
email တွေကိုတော့မင်းတို့ဖွင့်ထားပေးတယ်။
မင်းတို့လုပ်ရပ်တချို့ကိုင်ထောက်ပြမယ်။

၁။ ဒီနေ့တက်လာတဲ့ shwe shwe ဆိုတဲ့ email ဟာစစ်အစိုးရရဲ့အာဘော် ကြေးမုံ သတင်းစာ
ဘလောခ် ဖြစ်တယ်။  ဘာတွေရေးထားသလဲဆိုတာမင်းတို့ဖတ်ကြည့်ကြပါအုံး ။
၂။ စစ်အစိုးရရုပ်မြင်သံကြားကိုကိုယ်စားပြုတဲ့ ဟံသာဝတီ ဘလောခ်ကိုလဲဖွင့်ထားပေးတယ်။

၃။စစ်အစိုးရကိုကျောထောက်နောက်ခံပြုထားတဲ့ myint shwe email ကိုလဲဖွင့်ထားပေးတယ်
  ဘာတွေရေထားတယ်ဆိုတာမင်းတို့ဖတ်ကြည့်လိုက်အုံး ။
၎။ ပုဂ္ဂိုလ်ရေးတိုက်တဲ့ acid lwanswe (ဘိုဘိုကျော်ငြိမ်း) email ကိုလဲဖွင့်ပေးထားတယ်
  မင်းတို့ဘဲ ပုဂ္ဂိုလ်ရေးတိုက်တဲ့ email တွေကိုပိတ်ထားမယ်လို့ စည်းကမ်းချက်ထုတ်ထားကြတာကို
မင်းတို့မှတ်မိကြသေးရဲ့လား။
မင်းတို့groups ကိုပြန်ကြည့်လိုက်ပါအုံး ဘိုဘိုကျော်ငြိမ်းကငါ့ကိုအရင်တိုက်တာကွ။
 ငါတုန့်ပြန်တော့မင်းတို့မကြိုက်ဖူး။ မင်းတို့တော်တော်မျှတပါလားကွ။
မင်းတို့ရဲ့လေထန်ကုန်းကိုငါ့နာမည်နဲ့ ဗြောင်ဝေဖန်တာကွ အတုမဟုတ်ဘူး။
ဒီမိုကရေစီမှာဒီလိုဝေဖန်ခွင့်မရှိဘူးလား ၊
မင်းတို့လေထန်ကုန်း ကောပုဂ္ဂိုလ်ရေးတိုက်နေတာဘဲမဟုတ်လား။
 မင်းတို့ဘက်ကတော့ လူတိုင်းကိုဘောင်မရှိ စည်းမရှိ တိုက်ခိုက်တယ်။
မင်းတို့လုပ်ရပ်ကိုငါဝေဖန်တိုက်ခိုက်တော့ မင်းတို့ကငါ့ email ကိုပိတ်လိုက်တယ်။
 မျှတလိုက်တဲ့မင်းတို့ဒီမိုကရေစီကွာ၊ဒါလားကွမင်းတို့တိုက်နေတဲ့ဒီမိုကရေစီဆိုတာ?
။ဒါဒီမိုကရေစီမဟုတ်ဖူးကွမင်းတို့တိုက်နေပါတယ်ဆိုတဲ့ စစ်အစိုးရ
တောက်လျှောက်လုပ်လာတဲ့လုပ်ရပ်ကွ။
မင်းတို့တိုက်နေတဲ့ဒီမိုကရေစိကျင့်စဉ်ဆိုတာဒါလားကွ။
မင်းတို့ကြိုက်တာလုပ်ပါဒီအကျိုးဆက်ကိုမင်းတို့ခံစားရမှာပါ။

သန်းဝင်း
 

2 comments:

  1. အေဘီအဖွဲ့ဝင်October 20, 2010 at 10:17 AM

    ကိုသန်းဝင်း၊ ကျေးဇူးတင်တယ်ဗျာ။ လေထန်ကုန်းအုပ်စုမှာ
    ဆုံဆည်းရာဘလောက်ဖွင့်ခဲ့တဲ့ အေဘီကျောင်းသားအဖွဲ့ဝင်တချို့ပါတယ်။
    ကိုမင်းဇော် နဲ့ ကိုထော့ကြီးအနေနဲ့ အရေးယူပေးစေချင်ပါတယ်။
    သတ္တိရှိရင် နာမည်ရင်းနဲ့ဝေဖန်ပါလား။ ဘယ်သူတွေဘယ်လိုခြစားနေတာကို။
    ခုတော့ဗျာ။ သူတို့လည်း ရုံးခန်းမှာ အပြာကားထိုင်ကြည့်၊ အရက်သောက်၊
    အတင်းထိုင်ပြောနေတာကို၊ နိုင်ငံတကာမှာရောက်နေတဲ့ ကျနော်တို့ အေဘီကျောင်းသားရဲဘော်တွေကို စော်ကားတယ်

    ReplyDelete
  2. ကျော်မြထူးအနေနဲ့ ကိုသန်းဝင်းမေးထားတဲ့မေးခွန်းတွေကိုဖြေပေးပါ
    ၈၈၈၈ ရဟူးဂရုဟာ အင်မတန်အောက်တန်းကျတဲ့အုပ်စုပဲ။
    အတင်းအဖျင်းပေါင်းစုံကို အော်ဟစ်နေကြတာရှက်စရာကောင်းပါတယ်။
    ခွပ်ဒေါင်းအလံကို လဒ လို လုပ်ပုံက အစိုးရဝါဒဖြန့်ဘလောက် ကျေးစေတမန်အတိုင်းပဲ။ ကျေးစေတမန် နဲ့ လေထန်ကုန်း ဘယ်လိုဆက်စပ်နေလဲ၊ စုံစမ်းကြပါ

    ReplyDelete

Note: Only a member of this blog may post a comment.