Tuesday, October 19, 2010

နာမည်မိတ်ဆက်ပါ ကိုကျောင်းသား

တပ်ရင်း(၈) ကကျောင်းသားရေ၊ နာမည်လေးမိတ်ဆက်ပါအုံး။
ကျော်မြထူးလား၊ ( မောင်ကိုကို ဆိုတာ ကျော်မြထူး သုံးနေကျနာမည်လေ)၊ လေထန်ကုန်းအဖွဲ့ဝင်လား။
 ဒီ ဘလောက်မှာ အေဘီ ကျောင်းသားတွေလည်းပါနေတယ် ဆိုတာသိထားပါကွ။
 မင်းတို့ လေထန်ကုန်း ကို ပြန်ချတော့မဲ့အဖွဲ့တွေ နေရာအနှံ့က လာနေပြီ။
မင်းက တပ်ရင်း (၈) ကမှန်ရင် နာမည်မိတ်ဆက်။ ခွပ်ဒေါင်းအလံကို စော်ကားတဲ့ လေထန်ကုန်း အုပ်စုကို
ဖေါ်ထုတ်ဖို့ မင်းကို တာဝန်ပေးမယ်။ နာမည်မိတ်ဆက်ပါအုံးကွာ။ မင်းတို့ နှစ်ယောက်ပါနေတာ ကျော်မြထူး ဝန်ခံသွားပြီးပြီ။ ဘာသွေးရူး သွေးတန်းဖြစ်နေတာလဲ ငတုံးရာ။ ကျောင်းသားတပ်မတော် ဆိုပြီး၊ ဖိန့်ဖိန့် ဖိန့်ဖိန့် မလုပ်စမ်းပါနဲ့။ အလင်းဝင်သွားတဲ့ကျောင်းသားတပ်မတော်အဖွဲ့တွေ ရှိသလို၊ တကယ်တိုက်နေတဲ့
ကျောင်းသားတွေလည်းရှိပါ့။ မင်းတို့လို အတင်းပြောနေတဲ့ လေထန်ကုန်းအဖွဲ့တွေရှိသလို၊ ဆလိုင်းယောအောင်လို လူအေးလူရိုးတွေလည်း ငါတို့နဲ့ခင်တယ်ကွ။ ကိုသန်းဝင်း စာ ကို ဖတ်ကြည့်ပါအုံး။
ကိုသန်းဝင်း ဆိုတာ အေဘီ ရဲ့ ပထမဆုံးအတွင်းရေးမှူးလေ။ မင်းတို့လေထန်ကုန်းက အေဘီ ဥက္ကဋ္ဌတွေဖြစ်ခဲ့တဲ့ ကိုထွန်းအောင်ဂျော်၊ ကိုမိုးသီးဇွန်၊ ကိုနိုင်အောင် တို့
အားလုံးကို ဆဲဆိုအတင်းပြောနေတာ မနေနိုင်တော့လို့ ဒီဘလောက်ကို ဖွင့်ရတာကွ။
မင်း ငယ်ပါသေးတယ် ငတုံးရာ။ အေဘီ ခေါင်းဆောင်တွေလို ပညာတတ်အောင်လုပ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.