Thursday, October 28, 2010

တေလေဂျပိုးတွေကိုရှင်းထုတ်ကြပါစို့


ABSDF ရဲ့ ထုတ်ပြန်ကြေငြာချက်ကို ကျနော်တို့ရဲဘော်ဟောင်းတွေကလည်းကြိုက်တယ်ဗျာ။
တပ်မတော်တွင်းမှာလည်းစစ်တပ်ခေါင်းဆောင်တွေကို မကျေနပ်တဲ့သူတွေရှိနေတယ်။ ပုန်ကန်ချင်နေတယ်
ဒါဟာကောင်းတဲ့လက္ခဏာပေါ့။ ABSDF ကလည်းအစိုးရဆန့်ကျင်သူတွေအားလုံးနဲ့လက်တွဲပြီး နည်းပေါင်းစုံ
ကြိုးစားကြမယ်ဆိုတာဂုဏ်ယူမိတယ်။ ကျနော်တို့လို ရဲဘော်ဟောင်းတွေကလည်းလက်တွဲဖို့အသင့်ပါ။
ရဲဘော်ကြီးဇော်ကိုနိုင်ဆို၊မီးကုန်ယမ်းကုန်အလုပ်လုပ်နေတာ တွေ့ကြတဲ့အတိုင်းမို့လား။သူက
ကရင်နီဂွင်မှာတပ်ရင်းမှူးလုပ်ခဲ့ပြီးတကယ်စစ်တိုက်ခဲ့သူဆိုတော့အားလုံးနဲ့လက်တွဲတာပေါ့ဗျာ။

ကျောင်းသားတပ်မတော်ရဲ့အရိပ်အာဝါသမှာခိုလှုံပြီး သိက္ခာချနေတဲ့တေလေဂျပိုးတွေကိုလည်းရှင်းကြ
ရမယ်ဗျို၊ ဒါမှတော်လှန်ရေးကြီးသန့်စင်မှာမဟုတ်လား။သူတို့ဟာ ကျုပ်တို့ရဲဘော်ဟောင်းတွေကို
တော်လှန်ရေးကိုစွန့်ခွာသွားသလေး၊ဘာလေးနဲ့“ဆုံငြီးရာ”မှာဟောင်ဖွာဟောင်ဖွာအူနေကြသဗျ။
ပညာကလည်းကောင်းကောင်းမတတ်၊စစ်လည်းမတိုက်ဖူးတော့၊ပြည်ပရောက်နေတဲ့ပညာတတ်တွေ၊
ပေးဆပ်ဖူးသူတွေကိုစော်ကားတာမဆန်းဘူးပေါ့လေ။ရဲဘော်ကြီးမအေးမာ ကိုတော့ ချီးကြူးပါတယ်ဗျ။
ဒီလို ခွပ်ဒေါင်းအလံကိုစော်ကား၊ဝေနှင်းပွင့်သုန်ကိုမနာလိုဖြစ်၊AB ရဲဘော်ဟောင်းတွေကို
ရှုတ်ချအတင်းပြောနေတဲ့ တေလေဂျပိုးတွေကို သည်းညီးခံကျွေးမွေးနေရှာတာ။
ကဲ၊ဘောလုံးသမားတပ်ရင်းမှူးရေ။အဲ့ဒီကောင်တွေကို ဘောလုံးတလုံးလိုသာ ကန်ဆုံးမလိုက်ပေတော့

1 comment:

  1. ခွေးသား ဆုံသောက်ရာ က ကောင်တွေ။ မင်းတို့ကစစ်ပွဲဘယ်နှစ်ပွဲတိုက်ဖူးလို့
    ပြည်ပရောက်နေတဲ့ အေဘီရဲဘော်တွေကို စော်ကားရတာလဲ။
    မိန်းမတယောက်ကျွေးမှ တည်းခိုခွင့်ပြုမှ အသက်ရှင်ရတဲ့
    ထမိန်နားခိုစားနေတဲ့ကောင်တွေကများ ငါတို့ AB ကို ဘာဖြစ်သလေး။ညာလေးနဲ့။ ငါတို့ကိုစော်ကားရအောင် မင်းတို့ကဘာလုပ်နေလဲ။ လေထန်ကုန်းမှာ ကျော်မြထူးနဲ့ပေါင်းချီးထုတ်ကျနေတဲ့ကောင်တွေ။ မင်းတို့သေတော့မှာပါ။
    ကြည့်နေ

    ReplyDelete

Note: Only a member of this blog may post a comment.