Tuesday, October 26, 2010

အူနနများ ဘယ်လိုအူကြမည်နည်း

ပြည်တွင်းက တိုက်စစ်မှူးတွေကတော့ တာဝန်ကျေသဗျ။
ဒုတိယပင်လုံညီလာခံကြီးဖေါ်ဆောင်၊ တတိုင်းပြည်လုံးငြိမ်းချမ်းရေးအတွက် လုပ်ကြမယ်လေ။
ပြည်ပမှာ လက်တိုလက်တောင်းအဆင့်မှ လက်နက်ကိုင်ချမယ်ဆိုသူတွေ ကောင်းကင်ကြီးကြည့်ဘာတွေ
ကြံနေကြသလဲ။ စပ်စုလိုက်အုံးမှ။

ကဲ ကိုသူတောင်းစားတို့ အခုထိ မချင့်မချိန်လုပ်၊ အတွင်းကလူတွေကို ဆရာကြီးလေသံနဲ့အော်နေဆဲလား

ဝေလေလေ လက်တိုလက်တောင်းများ တူးလာသော မြှစ်ကိုပစ်ချကာ
တော်လှန်ရေးလုပ်တာလေ။ ငွေရှိစရာမလိုဘူး စိတ်ဓါတ်ပဲလိုတာဗျ။ မရှိရင် ကရင်ဆီကတောင်းစားမယ်
ဒီလူကြီးတွေဗျာ ကျုပ်တို့လို လက်တိုလက်တောင်းလုပ်နေတဲ့သူတွေရဲ့ အကြံကိုလက်မခံဘူး။
ကြားဖြတ်အစိုးရဖွဲ့လိုက်လေ၊ ပြတ်ပြတ်သားသားလုပ်လိုက်လေ။ ဒါဆို ကရင်ဆီက တောင်းစားထားတဲ့
ကျုပ်တို့ရဲ့မြှစ်ချဉ်တပုလင်းပေးပြီး ထောက်ခံပစ်လိုက်မယ်။

ဟား မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးကွာ။
 မင်းတို့ မြှစ်ချဉ်ရဖို့လောက်နဲ့တော့ အစိုးရဖွဲ့ခိုင်းမနေစမ်းပါနဲ့။ လက်တွေ့ဘယ်လိုကူမလဲပြောပါငါ့ကောင်ရ
မင်းတို့ပြောတော့ လက်နက်ကိုင်တိုက်မယ်ဆို ခုချိန်ဝင်ကူဖို့အချိန်ကောင်းပဲမောင်။

လက်တိုလက်တောင်းများ တယောက်မျက်နှာတယောက်ကြည့်ကာ စဉ်းစားနေကြပြီ
အင်းမ် တကယ်တော့ ငါတို့က ကွန်မြူတာလေးနည်းနည်းလောက်တတ်တာ။ စီဘောက်နဲ့လေထန်ကုန်းမှာပဲ
စစ်ပွဲလိုထင်နေတာ။ တတ်နိုင်ဘူးလေ။ မြစ်ဝကျွန်းပေါ်သားလို ဆရာလုပ်အုံးမှ

ဒီလို နောင်ကြီးရာ။ တကယ်လို့ နိုဝင်ဘာ(၇) ရက်နေ့မှာ သေနတ်သံမကြားခဲ့ရင်
ကျုပ်တို့တူးနေကျ မြှစ်တော မှာ ဝါဘိုး ဝါးကြီးတွေက ကောင်းမှကောင်းဗျာ။ အဲ့ဒီ ဝါးလုံးပေါက်ထဲကို
ယမ်းစိမ်းထည့် ခွဲလိုက်လို့ကတော့ ပြဇာတ်ထဲကလောက်တော့ အသံမြည်ပါတယ်နော်။
နောင်ကြီးကလည်း လိမ်ပေးဗျာ။ ကျုပ်တို့တော့ တိုက်နေပြီ။ ခွဲနေပြီပေါ့

ဟာ မလုပ်ပါနဲ့။ ပြည်သူက သိနေပြီကွ။
မင်းတို့တတွေအရက်သောက်၊ အတင်းပြော မှောက်လျှက်လဲနေတာ။ နေမျိုးကြီး နဲ့ မောင်ပိန်ကြီးတောင်
ငြီးနေတယ်။ ဒီလို ပညာမတတ်တဲ့ကောင်တွေက လျှောက်အော်နေတော့
ကျုပ်တို့ သမိုင်းတွေသိက္ခာကျတယ် တဲ့။ တော်သေးတာပေါ့။ ဒီကောင်တွေကို “ပူပူမာ” က
ထမင်းကျွေးထားလို့။ “ပူပူမာ” သာ မရှိရင် ဒီကောင်တွေ ၈၈၈၈ သတင်းစဉ်မပြောနဲ့။
သူများကို အောက်ကျို့ပြုံးနေရပြီး ကွန်ပြူတာနားတောင် ကပ်ရမှာမဟုတ်ဘူး။
ပြည်တွင်းကို မထောက်ပံ့နိုင်ရင်နေပါ။ သူတောင်းစားဘဝ၊ ပညာမတတ်တဲ့ဘဝတွေက ရုန်းထွက်ကြပါအုံး
လို့ အကြံပြုပါရစေဗျာ။ ရဲဘော်နေမျိုးကြီးကတော့ မိန်းမရ၊ စီးပွားရေးအဆင်ပြေသွားတော့။
မပြေလည်တဲ့မင်းတို့လို တောင်အော်မြှောက်အော် အော်မနေတော့ဘူးပေါ့ကွာ

လက်တိုလက်တောင်းများ ကောင်းကင်ကိုမော့ကြည့်ပြီး အူကြပြန်သည်။
ဟေ့ကောင်တွေဘာလုပ်ကြတာလဲ
ဒါ ကျုပ်တို့ ယဉ်ကျေးမှုလေ။ တော်လှန်ရေးကို အဲ့သလို အူပြမှ လူပိုသိတာပေါ့ဗျ။
သနားစရာသတ္တဝါလေးများပါတကား။ သူတို့သည်သာ တကယ်တိုက်ကြောင်း၊
သူတို့သည်သာ အနစ်နာခံကြောင်း လူသိအောင်အူကြပြီး ခေါင်းဆောင်များကိုစော်ကားနေသည့်။
မချင့်ချိန်အုပ်စု။ သူတို့လည်း ဘာမှမလုပ်နိုင်၊ လက်တလှမ်းက သစ်ပင်ကို သရေပင်နှင့်
အကြိမ် (၃၀) ကျော် ပစ်လည်းမမှန်ကြ။
ခက်တော့ ခက်နေပြီ။ သူတို့ကတိုင်းပြည်ပြောင်းမယ်ဆိုကာဆရာလုပ် အူကြပြန်သည်။
အူနနများ အူတော့ ပိုနားငြီးပုံရသည်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.